Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |What age should you start having eye tests - ISEC Eye Centre Myanmar
What age should you start having eye tests
Blog Post

What age should you start having eye tests

Published on 10th November, 2022

✨မျက်စိကျန်းမာရေးကို ဘယ်အရွယ်မှာစတင် စစ်ဆေးသင့်သလဲ ✨

✅မျက်စိကျန်းမာရေးသည် ယေဘူယျအားဖြင့်

(၁)ကျောင်းမနေခင် အနည်းဆုံးတစ်ကြိမ်စစ်ဆေးသင့်ပါသည်။ သို့မှာသာ အာရုံကြောအားနည်းခြင်း lazy eye ကိုအချိန်မှီ ကာကွယ်နိုင်ပါမည်။

(၂)လူရွယ်များတွင် အသက် လေးဆယ်ကျော်မှစ၍ နှစ်စဉ် စစ်ဆေးသင့်ပါသည်။

(၃) အဝေးမှုန်ပါဝါများသူ( pathological myopia)များတွင် မြင်လွှာကွာကျခြင်းမှ ကာကွယ်နိုင်ရန် နှစ်စဉ် အမြင်လွှာကိုစစ်ဆေးသင့််ပါသည်။

(၄)ရေတိမ်မျိုးရိုး ရှိသူများတွင် အသက်လေးဆယ်ကျော်မှ စ၍နှစ်စဉ်စစ်ဆေးသင့်ပါသည်။

(၅)ဆီးချိုသွေးချိုရှိသူများတွင် စတင်သိရှိချိန်မှစ၍ နှစ်စဉ် စစ်ဆေးသင့်ပါသည်။

သို့မှသာ အမြင်အားပြောင်းလဲခြင်း၊ အမြင်လွှာပြောင်းလဲခြင်းများကို စောလျင်စွာသိရှိပြီး လိုအပ်သောကုသမှုများကို ရယူနိုင်မည် ဖြစ်ပါသည်။

✨မျက်စိ ပါဝါစစ်ဆေးခြင်းနှင့် မျက်စိကျန်းမာရေးစစ်ဆေးခြင်း တူတူပဲလား ? ✨

✅မျက်စိပါဝါစစ်ဆေးခြင်းဆိုတာက အဝေးမှုန်၊ အနီးမှုန်အတွက် တပ်ဆင်ရန် မျက်မှန်ပါဝါစစ်ဆေးခြင်းဖြစ်ပါတယ်။

✅မျက်မှန်ပါဝါစစ်ဆေးခြင်းဖြင့် မျက်စိအတွင်းမှရောဂါများကို မသိနိုင်ပါ။

✅မျက်စိစစ်ဆေးခြင်းဆိုသည်မှာ မျက်စိဆရာဝန်ကြီးများမှ မျက်စိအတွင်းပိုင်းထဲသို့ မှန်ဘီလူးဖြင့် ချောင်းကြည့်၍ ရောဂါရှာဖွေခြင်းဖြစ်ပါသည်။

✅လိုအပ်ပါက မျက်စဉ်းခပ်၍စစ်ဆေးခြင်း၊ မျက်စိအမြင်လွှာပုံရိပ်များရိုက်ခြင်းစသည့်စစ်ဆေးမှုများကို ပြုလုပ်ပါသည်။ သွေးတိုး၊ ဆီးချိုကြောင့် အမြင်လွှာပျက်စီးထိခိုက်ခြင်း၊ ရေတိမ်ရောဂါအတွက်စစ်ဆေးခြင်း၊ အတွင်းတိမ်စစ်ဆေးခြင်း စသည့်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

✨မျက်စိအတွင်းတိမ်ကို ဘယ်အချိန်မှာခွဲစိတ်သင့်သလဲ ?✨

✅အတွင်းတိမ်ကြောင့် အမြင်အားကျဆင်းလာပြီး မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရ အဆင်မပြေတော့သည့်အခါတွင် အတွင်းတိမ်ကို ခွဲစိတ်သင့်ပါသည်။

✅သို့သော်လဲ အတွင်းတိမ်အလွန်ရင့်သွားပါက စက်ဖြင့်ခွဲမရနိုင်သည့်အတွက် မျက်စိဆရာဝန်နှင့် ပုံမှန်စစ်ဆေးသင့်ပီး အချိန်မနှောင်းခင် ခွဲစိတ်သင့်ပါသည်။

✨အတွင်းတိမ်ကို ထုံဆေးနဲ့ခွဲလား မေ့ဆေးနဲ့ခွဲလား?

✅ ၉၉% က ထုံဆေးနဲ့ခွဲပါတယ်၊ ကလေးနှင့်အခြားပြဿနာတစ်ခုခုရှိမှသာ မေ့ဆေးကို အသုံးပြုရပါတယ်။

✨အတွင်းတိမ်ခွဲရင်နာလား?

✅လုံးဝမနာအောင် ထုံဆေးပေးပါတယ် ။

✨ခွဲပြီးဘယ်နှရက် အလုပ်နားရမလဲ?

✅၃ ရက်မှ ၂ ပတ်ထိ လိုအပ်သလိုဆရာဝန်ညွှန်ကြားပါတယ်။

✨ခွဲပြီး ခရီးထွက်လို့ရလား?

✅ခရီးထွက်လို့ရပါတယ်။

✨အတွင်းတိမ်ကို စောခွဲရင်ဘာဖြစ်လဲ နောက်ကျမှခွဲရင်ဘာဖြစ်လဲ?

✅စောခွဲရင် ဘာမှ မဖြစ်ပါဘူး နောက်ကျခွဲရင်တော့ မျက်ကြည်လွှာရောင်ခြင်းနဲ့ အိတ်ခွံပေါက်ခြင်းဖြစ်နိုင်သည့်အပြင် စက်နဲ့ခွဲစိတ်၍မရနိုင်တော့ပါ။

✨ရေတိမ်ရှိရင် ခွဲလို့ရလား?

✅ရေတိမ်ရှိသူများလည်း အတွင်းတိမ်ခွဲစိတ်နိုင်ပါတယ်။

✨ဆီးချိုသွေးချိုရှိရင်ခွဲလို့ရလား?

✅ဆီးချိုသွေးချိုရှိလည်း ဆေးနဲ့ထိန်းပြီးအတွင်းတိမ်ကိုခွဲစိတ်နိုင်ပါတယ်။

🤩အတွင်းတိမ်အတွက် အထူးချွန်ဆုံးဆရာဝန်များနဲ့ စိတ်အချရဆုံးဝန်ဆောင်မှုကိုပေးနေတဲ့ ISEC 🤩

အသေးစိတ်သိရှိလိုပါက

🏥ISEC Eye Centre Myanmar

A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.

☎️Tel:+95 1 386 800,📞+95 9 448282821

📧 isecmyanmar@gmail.com

🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821