Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |Multifocal Lens for Everyday Life - ISEC Eye Centre Myanmar
Multifocal Lens for Everyday Life
Blog Post

Multifocal Lens for Everyday Life

Published on 3rd March, 2023

မျက်မှန်တပ်စရာမလိုဘဲ နေ့စဉ်ဘဝကို ပြည့်စုံစေမယ့် Multifocal Len 🥰
နေ့စဉ်တွေ့မြင်နေရတဲ့ အမြင်အာရုံတွေက မျက်လုံးအတွင်းရှိ မှန်ဘီလူးကို ဖြတ်ပြီးကြည့်ရတာမို့ မှန်ဘီလူးဝါးနေရင် ကောင်းစွာမြင်နိုင်မှာမဟုတ်ပါဘူး။🧏
သဘာဝမှန်ဘီလူးက ကြည်လင်တော့ခြင်း မရှိဘဲ နောက်ကျိလာပြီး အလင်းပိတ်လာခြင်းက အတွင်းတိမ်ကို ဖြစ်ပေါ်စေပါတယ်။
အတွင်းတိမ်ခွဲစိတ်ပြီးတဲ့အခါ သဘာဝမှန်ဘီလူးနေရာမှာ Multifocal/Trifocal IOL လို့ခေါ်တဲ့မှန်ဘီလူး ထည့်သွင်းကုသခြင်းဖြင့် အရှင်းပျောက်ကင်းစေနိုင်ပါတယ်။
Multifocal Len ကို အသုံးပြုမယ်ဆိုရင် …
👉 မျက်မှန်တပ်ဆင်ဖို့ မလိုတော့တဲ့အတွက် ခေတ်နဲ့ အမှီ ဆန်းပြားလှပ စမတ်ကျစေနိုင်ခြင်း ၊
👉 အပြင်သွားတိုင်း မျက်မှန် မေ့ကျန်ခဲ့ရလို့ စာမမြင်ရတဲ့ အဆင်မပြေမှုတွေနဲ့ ကင်းဝေးနိုင်ခြင်း ၊
👉 Aircon ကားထဲက ထွက်တဲ့အခါ ၊ မိုးရွာတဲ့ အခါမျိုးတွေမှာ မျက်မှန်ရေငွေ့ရိုက်တဲ့ ပြဿနာတွေကိုရှောင်ဖယ်နိုင်ခြင်း ၊
👉 ကိုယ်တိုင်ကားမောင်းတဲ့သူတွေအတွက် အဝေးကြည့် အလယ်ကြည့်(dashboard) နဲ့ အနီးကြည့်(ဖုန်းကြည့်) သုံးမျိုးလုံးကို တပြိုင်တည်း အခက်အခဲမရှိ ကြည့်နိုင်ခြင်း၊
👉 ပျိုမေတို့ရဲ့ မျက်လုံး၊မျက်ခုံးအလှလေးတွေ ထင်ရှားပြီး မိတ်ကပ်ပြင်တဲ့အခါ ရှင်းရှင်းလင်းလင်း မြင်ရတာကြောင့် အခက်အခဲမရှိတော့ခြင်း၊
👉 Meeting တွေတက်တဲ့အခါ အဝေးမျက်မှန်၊ အနီးမျက်မှန်တွေနဲ့ တပ်လိုက်ဖြုတ်လိုက် လုပ်ပြီး အလုပ်ရှုပ်စိတ်ညစ်ရတာတွေ မရှိတော့ခြင်း၊
👉 လေယာဉ်ခရီးစဉ်တွေ မကြာခဏသွားရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း မျက်မှန် တပ်စရာမလိုတာကြောင့် ပေါ့ပေါ့ပါးပါး ခရီးသွားနိုင်ခြင်း စတဲ့ အဆင်ပြေမှုတွေကို ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။
အခုဆိုရင် ISEC Myanmar မှာ USA မှ phacoemulsification ဖြင့် စက်သစ်ကြီးများကိုအသုံးပြုပြီး နောက်ဆုံးပေါ် ခွဲစိတ်ကုသသည့်နည်းလမ်းတွေကြောင့် ချုပ်ရိုးမကျန်စေဘဲ ကုသနိုင်နေပါပြီ။ 🏥
ဒါ့အပြင် ဆေးရုံမှာ ညအိပ်စရာမလိုဘဲ နာရီပိုင်းအတွင်း ကျန်းမာစွာ အိမ်ပြန်နားနိုင်တဲ့အပြင်တိမ်အနုအရင့်ပေါ်မူတည်၍ ခွဲပြီး နောက်ရက်မှာ ပြန်မြင်နိုင်ပါတယ်။
🧑‍⚕️ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင် ။

အသေးစိတ်သိရှိလိုပါက
🏥ISEC နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 isecmyanmar@gmail.com

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821