
အတွင်းတိမ်ကို အချိန်မှီမကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
Published on 1st January, 2024
အတွင်းတိမ်ဆိုတာ ရောဂါမဟုတ်ပါဖူး။ မျက်စိထဲက မွေးရာပါမှန်ဘီလူးမှာ အညှိအကြေးတွေ တဖြည်းဖြည်းပုံလာပီး အစိုင်အခဲတစ်ခု ဖြစ်လာခြင်းဖြစ်ပါတယ်။
အသက်အရွယ်ကြီးမြင့်လာပြီဆိုရင် အတွင်းတိမ်ရဲ့ လက္ခဏာတွေဖြစ်တဲ့ ~ အမြင်ဝါးခြင်း။
ရှေ့၌ မြူမှုန်ကျသလို၊ ခြင်ထောင်ဇာကာထားသလို ကာနေခြင်း။
ပုံရိပ်နှစ်ထပ်မြင်ခြင်း။
နေရောင် သို့မဟုတ် မီးချောင်း/မီးလုံးမှ အလင်းများဖြာခြင်း၊ စူးခြင်း။
မျက်မှန်ပါဝါ မကြာခဏတိုးလာခြင်း။
အရောင်များမှိန်ခြင်း သို့မဟုတ် ဝါခြင်း အစရှိသည်တို့ကို ခံစားရပါတယ်။
အထက်ပါလက္ခဏာတွေကို ခံစားရပြီဆိုရင်တော့ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပြသစစ်ဆေးပြီး လိုအပ်ပါက အတွင်းတိမ်ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။
အတွင်းတိမ်ခွဲစိတ်ခြင်းကို အချိန်မှီမပြုလုပ်ပါက ~ အတွင်းတိမ်ပိုမိုရင့်မာလာခြင်း
အတွင်းတိမ်၏ နောက်ဆက်တွဲ ရေတိမ်ရောဂါဖြစ်လာခြင်း
မျက်စိအာရုံကြော/အမြင်လွှာများရောဂါ စစ်ဆေးရန်ခက်ခဲလာခြင်း
နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရ ခက်ခဲလာခြင်း
ချော်လဲထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုမိုမြင့်မားခြင်း
လူအများနှင့်တွေ့ရန် ရှောင်ကွင်းလာခြင်းကြောင့် လူမှုရေးအဆင်မပြေဖြစ်လာခြင်း
အမြင်အားမကောင်းသဖြင့် အခြားသူများအပေါ်မှီခိုရသဖြင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
အတွင်းတိမ်ကို စောလျင်စွာခွဲစိတ်ခြင်းဖြင့် ~ ပုံမှန်အမြင်အားကို အမြန်ဆုံး ပြန်လည်ရရှိခြင်း။
မှန်ဘီလူးပါဝါကို မှန်ကန်တိကျစွာတိုင်းတာနိုင်ခြင်းကြောင့် ခွဲစိတ်ပြီးနောက် ကြည်လင်ပြတ်သားသော မြင်ကွင်းကို ရရှိခြင်း။
ခွဲစိတ်ချိန် ပိုမိုမြန်ဆန်ခြင်း။
ခွဲစိတ်ချိန်ကြာခြင်း၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော မျက်ကြည်လွှာရောင်ယမ်းခြင်း၊ အမြင်လွှာရောင်ယမ်းခြင်းများ မရှိသလောက်နည်းပါးခြင်။း
လူမှုရေး၊ စီးပွားရေးကိစ္စများကို စိတ်တိုင်းကျ မိမိကိုယ်တိုင် ပြုလုပ်နိုင်ခြင်း။
အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်လာသော ဦးနှောက်ကျုံ့ရောဂါ Alzheimer’s disease ဖြစ်နိုင်ချေ လျော့နည်းခြင်း။
မြင်ကွင်းအသစ်၊ စိတ်အသစ်ကြောင့် စိတ်ပျိုကိုယ်နုဖြင့် ဘဝအသစ်ပြန်လည်ရရှိသကဲ့သို့ ခံစားရနိုင်ခြင်း စသည့်အချက်များကြောင့် နေ့စဉ်ဘဝလှုပ်ရှားမှု Quality of Life ပိုမိုကောင်းမွန်လာနိုင်သည့် ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။
ယခုအခါ ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံတွင် ခေတ်မီနည်းပညာ Phacoemulsification နည်းဖြင့် အတွင်းတိမ်ခွဲစိတ်မှုပြုလုပ်နိုင်တဲ့အတွက် ခွဲစိတ်ချိန်မြန်ဆန်ခြင်း၊ နာကျင်မှုလုံးဝမရှိခြင်း၊ ဓားခွဲရာမရှိခြင်း၊ ချုပ်ရိုးမပါခြင်း၊ ခွဲစိတ်ပြီးနောက် အမြင်အားပိုမိုကောင်းမွန်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ မရှိသလောက်နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက~ISEC နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com
www.isecmyanmar.com.mm