လေဆာနဲ့ပါဝါလျော့ထားသူများနှင့် အတွင်းတိမ်ရောဂါ
Blog Post

လေဆာနဲ့ပါဝါလျော့ထားသူများနှင့် အတွင်းတိမ်ရောဂါ

Published on 24th May, 2024

✨အတွင်းတိမ်ဆိုသည်မှာ မွေးရာပါမှန်ဘီလူးတွင် အညစ်အကြေးများစုပုံပီး အရောင်နောက်သွားကာ မာကျောလာခြင်း ဖြစ်ပါသည်။ အသက်ငယ်စဉ်အခါက လေဆာဖြင့်ပါဝါလျော့ထားသူများတွင်လဲ အသက်အရွယ်အရ တစ်ချိန်ချိန်တွင် အတွင်းတိမ်ဖြစ်လာပါလိမ့်မည်။ ထိုသို့ဖြစ်လာပါက အတွင်းတိမ်၏လက္ခဏာများဖြစ်သော အမြင်ဝါးခြင်း၊ အရောင်များပြောင်းလာခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရခက်ခဲခြင်း အစရှိသည့် လက္ခဏာများကို ခံစားရပါသည်။ ထိုသို့ခံစားရပါက အတွင်းတိမ်ခွဲစိတ်အထူးကုများနှင့်ပြသပီး လိုအပ်သောစစ်ဆေးမှု၊ ခွဲစိတ်မှုများကို ရယူနိုင်ပါသည်။
လေဆာနှင့် ပါဝါလျော့ထားသူများသည် အခြားသူများနှင့်မတူဘဲ အတွင်းတိမ်ခွဲစိတ်ရန် စစ်ဆေးသည့်အခါ နောက်ဆုံးပေါ် ပါဝါစစ်ဆေးစက်များနှင့် စစ်ဆေးမှသာ မျက်လုံးထဲထည့်သွင်းရန် တိကျသေချာသော မှန်ဘီလူးပါဝါကို ရရှိမည်ဖြစ်ပါသည်။


မျက်စိအတွင်းတိမ်နှင့် ဆီးချိုရောဂါ
✨ဆီးချိုရောဂါအခံရှိသူများတွင် အတွင်း‌တိမ်ရောဂါသည် ပုံမှန်လူများထက် စောလျင်စွာ ဖြစ်ပေါ်နိုင်ပါသည်။ ဆီးချိုရောဂါကြောင့် အတွင်းတိမ်အမျိုးအစားပုံမမှန်ခြင်း၊ မျက်စိအနောက်ခန်းဆိုင်ရာပြသနာများပါ ရှိနိုင်သောကြောင့် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် တစ်နှစ်တစ်ကြိမ် ပြသစစ်ဆေးသင့်ပါသည်။ မျက်စိအနောက်ခန်းကျန်းမာရေးကောင်းမွန်ပါက အတွင်းတိမ်ခွဲစိတ်ပြီးနောက် အမြင်အားကို ပုံမှန်အတိုင်းရရှိနိုင်ပါသည်။

မျက်စိအတွင်းတိမ်နှင့် ရေတိမ်ရောဂါ
✨ရေတိမ်ရောဂါသည် မျိုးရိုးလိုက်ခြင်းနှင့် မိမိ၏မျက်လုံးတည်ဆောက်ပုံအနေအထားကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ရေတိမ်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ မျက်စဉ်းထည့်ခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ခြင်းများဖြင့် မျက်စိရေပေါင်ချိန်ကို ပုံမှန်အတွင်းရှိအောင် ထိန်းထားနိုင်ပါသည်။ ‌မျက်စိရေပေါင်ချိန်ကို ပုံမှန်အတွင်းမထိန်းထားနိုင်ပါက မျက်စိအမြင်အာရုံကြောများ ပျက်စီးပြီး မြင်ကွင်းကျဉ်းလာပြီး နောက်ဆုံးတွင် အမြင်ကွယ်သည်အထိ ဖြစ်နိုင်ပါသည်။
ရေတိမ်ရောဂါရှိသူများတွင် အတွင်းတိမ်ရောဂါ ဖြစ်လာပါက ပုံမှန်ထက် စောလျင်စွာ ခွဲစိတ်ခြင်းဖြင့် ရေပေါင်ချိန် ရုတ်တရက်မြင့်တက်ခြင်းအခြေအနေမှ ကာကွယ်ပေးနိုင်ပါသည်။ အတွင်းတိမ်ခွဲစိတ်ခြင်းဖြင့် အလင်းရောင် ပိုမိုရရှိပြီး အမြင်အားပိုမိုကောင်းမွန်လာနိုင်သော်လည်း ရေတိမ်ကြောင့် ပျက်စီးထားသော အမြင်အားကို ပြန်လည်ရရှိအောင် မပြုလုပ်နိုင်ပါ။

အတွင်းတိမ်နှင့် မျက်ရည်ခမ်းခြောက်ခြင်းရောဂါ
✨မျက်ရည်ခမ်းခြောက်ခြင်းဆိုသည်မှာ မျက်စိအတွင်း ပုံမှန်ထွက်ရမည့် မျက်ရည်ပမာဏ မထွက်နိုင်သော အခြေအနေကို ခေါ်ဆိုပါသည်။ ထိုအခါ မျက်စိ ခိုးလိုးခုလုဖြစ်ခြင်း၊ မျက်လုံးကျိန်းစပ်ခြင်း၊ မျက်ရည်ပူကျခြင်း၊ အလင်းစူးသည့်ဒဏ်မခံနိုင်ခြင်း၊ အမြင်ဝါးခြင်း အစရှိသည့် လက္ခဏာများကို ခံစားရနိုင်ပါသည်။ ပိုမိုဆိုးရွားသော မျက်ရည်ခမ်းခြောက်သည့် လူနာများတွင် မျက်ကြည်လွှာထိခိုက်ခြင်းအထိ ဖြစ်နိုင်ပြီး အမြင်အားထိခိုက်နိုင်ပါသည်။

✨မျက်ရည်ခမ်းခြောက်သည့်ရောဂါရှိသောလူနာများသည် အတွင်းတိမ်ရောဂါကိုပါ ခံစားလာရပါက ပုံမှန်လူများထက် အမြင်ဝါးသည့်လက္ခဏာကို ခံစားရနိုင်ပါသည်။ အတွင်းတိမ်ခွဲစိတ်ပြီးနောက်ပိုင်းတွင် ပုံမှန်အမြင်အား ပြန်လည်ရရှိရန်အတွက် အချိန်ပိုမိုကြာမြင့်တတ်ပြီး မျက်ရည်တုတစ်မျိုးမျိုးကို ရေရှည်ထည့်ရန်လိုအပ်နိုင်ပါသည်။
👨‍⚕လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ မျက်စိတစုံကို အမြဲကြည်လင်ပြတ်သားစွာဖြစ်နေစေဖို့ ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင်။


အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821