မျက်စိအနောက်ခန်းအမြင်လွှာပြဿနာများဖြစ်နေပြီလား?
Published on 16th August, 2024
သင့်မှာ မျက်စိအနောက်ခန်းအမြင်လွှာပြဿနာများဖြစ်နေပြီလား…
𝐔𝐒𝐀 𝐦𝐚𝐝𝐞 𝐀𝐥𝐜𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐞𝐥𝐥𝐚𝐭𝐢𝐨𝐧 စက်ကြီးများဖြင့် နာကျင်မှုမရှိဘဲ ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးတွင်အောင်မြင်စွာခွဲစိတ်ပေးနေပါပြီ။
မျက်စိအနောက်ခန်းခွဲစိတ်ရန်အတွက်လိုအပ်သောရောဂါများမှာ ~
☑️ အမြင်လွှာကွာခြင်း (Retinal Detachment)
☑️ ဆီးချိုကြောင့်အမြင်လွှာပျက်စီး၍ကွာခြင်း (Diabetes Tractional Tractional Detachment)
☑️ အမြင်လွှာအပေါက်ရှိခြင်း (Macula Hole)
☑️ အမြင်လွှာအမြှေးပါးတက်ခြင်း (Epiretinal Membrane)
☑️ အသက်အရွယ်ကြောင့် အမြင်လွှာပျက်စီးခြင်း (Age-related Macula Degeneration)
☑️ မျက်စိအနောက်ခန်းသွေးထွက်ခြင်း (Vitreous Haemorrhage)
☑️ ထိခိုက်မိခြင်းကြောင့် မျက်စိထဲဝင်ရောက်သွားသော သံစဖယ်ခြင်း (Intraocular Foreign Body Removal)
☑️ အနောက်ခန်းသို့ ပြုတ်ကျနေသော မှန်ဘီလူးကိုပြန်ထုတ်ခြင်း (Removal of Dropped Lens)
☑️ အတွင်းတိမ်ခွဲစိတ်စဉ် ဂျယ်လီအိတ်ပေါက်သွားပြီး မျက်စိအနောက်ခန်းသို့ ပြုတ်ကျသွားသော အတွင်းတိမ်အပိုငိးအစများကို ဖယ်ရှားခြင်း (Removal of Dropped Lens Matter) တို့ပဲဖြစ်ပါတယ်။
✨ခွဲစိတ်သည့်အခါ မျက်သားအဖြူပေါ်တွင် အလွန်သေးငယ်သော အပေါက်ငယ်(၃)ပေါက်ဖောက်ပြီး သေးငယ်သောမှန်ဘီလူးချောင်းလေးနှင့် ကိရိယာများကို မျက်စိအနောက်ခန်းထဲသို့ထည့်ပီး အထဲရှိဂျယ်လီ(Vitreous humor) များကို ပထမဆုံး ဖယ်ရှားပါသည်။ ထို့နောက် ရောဂါအမျိုးအစားပေါ်မူတည်၍ လေဆာပစ်ခြင်း(laser therapy)၊ အေးခဲဓာတ်အသုံးပြု၍ ပြုပြင်ခြင်း(cryotherapy)၊ Heavy Liquid ကိုအသုံးပြုခြင်း၊ Gas ထည့်ခြင်း၊ ဆီထည့်ခြင်း (Silicone Oil) အစရှိသည့် ကုသမှုများကို ပြုလုပ်ပေးနေပါသည်။
✨ခွဲစိတ်ပြီးနောက်ပိုင်းတွင် လိုအပ်သော လေဆာပစ်ခြင်း၊ မျက်စိဆေးထိုးခြင်း တို့ကိုလည်း တစ်နေရာတည်းတွင် ပြုလုပ်နိုင်ပါပြီ။
✨အမြင်လွှာသည် အမြင်အာရုံအတွက် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သောကြောင့် ရောဂါရှိကြောင်း သိရပါက အမြန်ဆုံးကုသမှုခံယူခြင်းဖြင့် ခွဲစိတ်မှုရလဒ်ကောင်းများကို ရရှိနိုင်ပါသည်။
👩⚕️ISEC နိုင်ငံတကာမျက်စိဆေးရုံတွင် ဝါရင့်ကျွမ်းကျင်သော မျက်စိအနောက်ခန်းဆိုင်ရာဆရာဝန်ကြီးများရှိခြင်း၊ အကောင်းဆုံး မျက်စိအနောက်ခန်းခွဲစိတ်စက် Alcon Constellation စက်ကြီးဖြင့်ခွဲစိတ်ပေးခြင်း၊ ခွဲစိတ်သည့်အခါလိုအပ်သော လေဆာပစ္စည်းကိရိယာများနှင့်ဆေးဝါးများစုံလင်ပြည့်စုံခြင်း၊ ခွဲစိတ်ပြီးနောက် လိုအပ်နိုင်သော လေဆာစက်များ၊ မျက်စိထိုးဆေးများကို တစ်နေရာတည်းတွင် ကုသနိုင်ခြင်းစသောအားသာချက်များရှိသည့်အတွက် မျက်စိအနောက်ခန်းနှင့်ပတ်သတ်ပြီး ယုံကြည်စိတ်ချစွာ လာရောက်ကုသဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
အသေးစိတ်သိရှိလိုပါက ~
🏣ISEC နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏣ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm