စက်တင်ဘာလမှာ ကျန်းမာရေးအတွက် အချိန်ပိုပေးပါ😊
Blog Post

စက်တင်ဘာလမှာ ကျန်းမာရေးအတွက် အချိန်ပိုပေးပါ😊

Published on 5th September, 2024

စက်တင်ဘာလက Healthy Aging Month ဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေဖို့ ဂရုစိုက်သင့်တဲ့အချက်တွေကို ISEC Myanmar ကနေ မျှဝေပေးလိုက်ပါတယ်။
မျက်စိကျန်းမာရေးအပြင် ကိုယ်ရော စိတ်ရော ကျန်းမာစေမယ့် နည်းလမ်းတွေမို့ လိုက်လုပ်ကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်နော်။
⛹️‍♂️ လေ့ကျင့်ခန်းများများလုပ်ပါ
စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုတွေက သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အချို့ကင်ဆာရောဂါတွေနဲ့ ဆီးချိုရောဂါလိုမျိုး ရောဂါတွေ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

🥗အမျှင်ဓာတ်များများစားပါ
အမျှင်ဓာတ်များများထည့်ခြင်းက ကိုလက်စထရောကို လျော့ကျစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အပြင် အစာခြေလမ်းကြောင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

🧘‍♀️ စိတ်ငြိမ်ဖို့ လေ့ကျင့်ပါ။

စိတ်ရော ကိုယ်ရော အနားပေးပြီး စိတ်သက်သာရာရစေဖို့ တရားထိုင်တာ၊ ယောဂကျင့်တာတွေကို များများလုပ်ပေးပါ။ မလိုအပ်ဘဲအတွေးလွန်တာတွေကို လျှော့ချဖို့ လက်ရှိအချိန်ကိုပဲ စဉ်းစားတတ်အောင် နေတတ်ဖို့ လိုပါတယ်။ ကိုယ့်အတွက် အဆင်မပြေစေတဲ့အရာတွေ၊စိတ်ပင်ပန်းစေမယ့်အရာတွေကို “NO” ပြောတတ်အောင် ကြိုးစားပါနော်။

⏰ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။
ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အပြင် ဝါသနာ ပါတဲ့အရာတွေကို လုပ်ကြည့်ဖို့လည်း အချိန်ပေးနိုင်အောင် ကြိုးစားပါ။ အလုပ်တွေနဲ့ပဲ အချိန်ကုန်ဆုံးနေမယ့်အစား မိသားစုနဲ့သူငယ်ချင်းတွေကို အချိန်ပိုပေးပြီး ခရီးသွားတာတွေလည်း လုပ်သင့်ပါတယ်။ ကျန်းမာတဲ့လူနေမှုဘဝအတွက် ကိုယ်ပိုင်အချိန်ကလည်း မရှိမဖြစ် အရေးကြီးပါတယ်။

☘️ စေတနာ့ဝန်ထမ်းလုပ်ပါ။
နောက်ထပ် ကိုယ်ရော စိတ်ရောကျန်းမာစေမယ့်နည်းလမ်းတစ်ခုကတော့ စေတနာ့ဝန်ထမ်း လုပ်တာပါပဲ။ ကိုယ့်ရဲ့ကျွမ်းကျင်မှုအားသာချက်တွေကို အလေးထားပေးတဲ့ ဝန်းကျင်တစ်ခုရလာနိုင်သလို ကိုယ်မသိသေးတဲ့အကြောင်းအရာတွေကိုလည်း သိလာနိုင်ပါတယ်။ မိမိတို့လုပ်ဆောင်ခဲ့တဲ့ ရလဒ်တွေကို ကြည့်ပြီးတော့လည်း ဝမ်းသာပီတိဖြစ်စေလို စိတ်တူကိုယ်တူမိတ်ဆွေသစ်တွေရရှိလာနိုင်ပြီး အထီးကျန်တဲ့စိတ်ခံစားချက်တွေ လျော့ကျစေပါတယ်။
မျက်စိကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးသိရှိလိုပါက ISEC နိုင်ငံတကာအဆင့်မှီ မျက်စိအထူးကုဆေးရုံကြီးကို အမြန်ဆုံးလှမ်းလာခဲ့လိုက်ပါနော်။
ကျန်းမာရေးဆိုင်ရာ ဗဟုသုတအထွေထွေကိုလည်း ISEC Myanmar Facebook Page မှာ အမြဲမျှဝေပေးနေတာမို့ ဝင်ရောက်ဖတ်ရှု့လို့ရပါတယ်။


အသေးစိတ်သိရှိလိုပါက~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
📱Tel:+95 1 386 800,:telephone_receiver:+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821