🏮🏮 USA Made မှန်ဘီလူးအသုံးပြုပြီး မျက်စိအတွင်းအတိမ်ခွဲစိတ်ခြင်းအတွက် သီတင်းကျွတ်အထူး 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကြီး🏮🏮🏮
Events & Promotions

🏮🏮 USA Made မှန်ဘီလူးအသုံးပြုပြီး မျက်စိအတွင်းအတိမ်ခွဲစိတ်ခြင်းအတွက် သီတင်းကျွတ်အထူး 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကြီး🏮🏮🏮

Published on 3rd October, 2024

✨ အသက်ကြီးလာသည်နှင့်အမျှ မျက်လုံးအတွင်းရှိ မှန်ဘီလူးတွင် အညစ်အကြေးများစုပုံလာပြီးအတွင်းတိမ်ဖြစ်လာကာ အမြင်ဝါးခြင်းကို ခံစားရနိုင်ပါတယ်။ အသက်ငယ်တဲ့အချိန်မှာ လေဆာဖြင့်ပါဝါလျှော့ထားသူတွေလည်း အတွင်းတိမ်ဖြစ်နိင်ပါတယ်။

✨ အတွင်းတိမ်ရောဂါကို မခွဲစိတ်ဘဲ ကြာမြင့်စွာထားပါက မျက်လုံးအတွင်းရှိ ကြွက်သားတွေအပြင် အာရုံကြောတွေပါ ထိခိုက်လာနိုင်တာမို့ အမြင်ဝါးခြင်း၊ အရောင်ပြောင်းလာခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရခက်ခဲခြင်း စတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် အတွင်းတိမ်ခွဲစိတ်အထူးကုဆရာဝန်တွေနဲ့ အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။

✨ နောက်ဆုံးပေါ်အတွင်းတိမ်ခွဲစိတ်နည်းတွင် ဓားခွဲစိတ်ရာ၊ ချုပ်ရိုးရာ မပါဝင်ဘဲ မျက်လုံးအတွင်းသို့ မှန်ဘီလူးအစားထိုးကုသနိုင်ပြီး မျက်လုံးခွဲရာ၌ ဖြစ်လေ့ရှိတဲ့ နာကျင်ခြင်း၊ မျက်လုံးတွင်းသွေးထွက်ခြင်း၊ ချုပ်ရိုးမကျက်ခြင်း၊ ချုပ်ရိုးပိုးဝင်ခြင်း အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားလို့ရနေပါပြီ။

✨ အရည်အသွေးကောင်းမွန်သော USA made မှန်ဘီလူးများကို အသုံးပြုပြီး အတွင်းတိမ်အထူးကု မျက်စိဆရာဝန်ကြီးများကိုယ်တိုင် အဆင့်မြင့်နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေပြီမို့ အန္တရာယ်ကင်းတဲ့ အတွင်းတိမ်ကုသမှုတိုင်းအတွက် ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

✨ အဖိုးထိုက်တန်လှတဲ့ အမြင်အာရုံနှင့် ပတ်သက်တဲ့ ဝေဒနာအမျိုးမျိုးအတွက် ကုန်ကျစရိတ်သက်သာပြီး စိတ်ချယုံကြည်စွာ ခွဲစိတ်နိုင်ဖို့ ISEC မျက်စိအထူးကုဆေးရုံကြီးမှာ Promotion ကာလအမှီ လာရောက်ဆွေးနွေးကုသလိုက်ပါတယ်ရှင့် ~
အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821