Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |ပုံမှန်မဟုတ်သော မျက်စိအတွင်းတိမ်များ ~ - ISEC Eye Centre Myanmar
ပုံမှန်မဟုတ်သော မျက်စိအတွင်းတိမ်များ ~
Blog Post

ပုံမှန်မဟုတ်သော မျက်စိအတွင်းတိမ်များ ~

Published on 8th October, 2024

ပြုတ်နေ လှုပ်နေသောအတွင်းတိမ်များ၊ ခွဲစိတ်ရခက်ခဲသောအတွင်းတိမ်များ၊ ခွဲစိတ်ပြီးအနေအထား မမှန်သောမှန်ဘီလူးများအတွက် နိုင်ငံတကာ ISECမျက်စိအထူးကုဆေးရုံကြီးမှာ အတွင်းတိမ်အထူးကုဆရာဝန်ကြီးများနှင့် ယုံကြည်စိတ်ချစွာ လာရောက်ကုသနိုင်ပါပြီ။

အတွင်းတိမ်သည် အသက်အရွယ်အရ မွေးရာပါမှန်ဘီလူးပေါ်တွင် အညှိအကြေးများစုပုံလာသော သဘာဝဖြစ်စဉ်ဖြစ်ပါသည်။ အများစုသည် သမရိုးကျအတွင်းတိမ်ဖြစ်သော်လည်း ပုံမှန်မဟုတ်သောအခြေအနေများကို ~

🔹ထိခိုက်မိခြင်းကြောင့်ဖြစ်သောအတွင်းတိမ် (Traumatic cataract/ dropped lens)
🔹 ကြွက်သားစိုင်းကြိုးများပြုတ်ပြီး လှုပ်နေသောအတွင်းတိမ် (Subluxated Lens with zonulysis)
🔹 မှန်ဘီလူးအနေအထားမမှန်ခြင်း /စောင်းနေခြင်း / ပြုတ်ကျခြင်း (Dropped/Subluxated IOL, Decentered IOL)
🔹 အတွင်းတိမ်ခွဲစိတ်စဉ် မှန်ဘီလူးအိတ်ပေါက်ပြီး မှန်ဘီလူးမထည့်ထားခြင်း (Aphakia)
🔹 ကြက်သွန်ကွင်းတိမ် (Polar Cataract)
🔹မွေးရာပါ မှန်ဘီလူးအနေအထားပုံမှန်မရှိခြင်း (Congenital Ectopia Lentis)
🔹 အတွင်းတိမ်ခွဲစိတ်ပြီး မျက်စိအရှေ့ခန်းတွင် မှန်ဘီလူးထဲ့ထားသောကြောင့် မျက်ကြည်လွှာပျက်စီးခြင်းတွင်တွေ့နိုင်ပါသည်။

ယခုကဲ့သို့သောအခြေအနေများကို ခွဲစိတ်ရာတွင် မှန်ဘီလူးကို ချုပ်ရိုးဖြင့်ချုပ်ထည့်ခြင်း၊ မှန်ဘီလူးအခံကွင်းများထည့်ရခြင်း၊ သူငယ်အိမ်ချဲ့ကိရိယာများသုံး၍ခွဲစိတ်ရခြင်း၊ ခွဲစိတ်ချိန်ကြာမြင့်ခြင်း၊ ခွဲစိတ်ပြီးနောက်ရေပေါင်ချိန်တက်ခြင်း စသည့် အခြေအနေများ ရှိနိုင်ပါသည်။

ရှုပ်ထွေးသောခွဲစိတ်မှုဖြစ်သော်လည်းပဲ ပစ္စည်းကိရိယာစုံလင်သောဆေးရုံတွင် ကျွမ်းကျင်သောအတွင်းတိမ်ဆရာဝန်ကြီးများနှင့် ခွဲစိတ်ပါက အမြင်အားကို ပြန်လည်ရရှိနိုင်ပါသည်။

သင့်မျက်လုံးခွဲစိတ်ခြင်းများအတွက် ပစ္စည်းကိရိယာစုံလင်သော 𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐂𝐚𝐭𝐚𝐫𝐚𝐜𝐭 𝐒𝐮𝐫𝐠𝐞𝐨𝐧𝐬 အတွင်းတိမ်အထူးကုဆရာဝန်ကြီးများနှင့် လာရောက်ကုသဖို့ ဖိတ်ခေါ်လိုက်ရပါတယ်.။
အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800, +95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 isecmyanmar@gmail.com
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821