December Safe Toys & Gift-Gifting Eye Awareness
Blog Post

December Safe Toys & Gift-Gifting Eye Awareness

Published on 1st December, 2024

✨ ဒီဇင်ဘာလမှာ အထူးဂရုစိုက်ပေးရမယ့် ကလေးမျက်စိအန္တရာယ် ✨
🎄ဒီဇင်ဘာလမှာ ပွဲတော်တွေ၊ နှုတ်ဆက်ပွဲတွေအများအပြားကျင်းပကြတာမို့ ကလေးတွေအတွက် နှစ်ပတ်လည် လက်ဆောင်တွေပေးလေ့ရှိကြပါတယ်။
🎄အဲ့လို လက်ဆောင်တွေပေးတဲ့အခါ ဘေးကင်းပြီး မျက်စိကျန်းမာရေးအတွက် မထိခိုက်စေတဲ့ အရုပ်တွေကို ရွေးချယ်ပေးဖို့ ISEC Myanmar ကနေ ဒီဇင်ဘာလရဲ့ Safe Toys & Gift-Gifting Eye Awareness အနေနဲ့ သတိပေးချင်ပါတယ်။
အသက်အရွယ်အလိုက် မကစားနိုင်သေးတဲ့ အရုပ်တွေ၊ ချွန်ထက်တဲ့ အစွန်းတွေပါတဲ့အရုပ်တွေ၊ အခြားအန္တရာယ်ဖြစ်နိုင်တဲ့ အဆိပ်သင့်ပစ္စည်းတွေကလည်း မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်တာမို့ သတိပြုဆင်ခြင်ပေးသင့်ပါတယ်။
အန္တရာယ်ရှိတဲ့ပစ္စည်းတွေမပါဘဲ မျက်စိကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေ၊ ကိုယ်ကာယကြံ့ခိုင်စေတဲ့ ကစားနည်းတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို အထောက်အကူပြုတဲ့ အားကစားနည်းတွေအများကြီးရှိတာမို့ ဂိမ်းပွဲတွေစီစဉ်တဲ့အခါမှာလည်း ထိခိုက်မှုတွေမရှိအောင် ပြင်ဆင်ဖို့လိုပါတယ်။
🎄ပွဲတော်တွေနဲ့ အားကစားတွေကျင်းပလေ့ရှိတဲ့ ဒီဇင်ဘာလမှာ ကလေးငယ်တွေအတွက် အန္တရာယ်ကင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်ကာလလေးဖြစ်ပါစေနော်။
🎆Merry Christmas & Happy New Year🎆

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821