Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |“5P” Complete Eye Care Program - ISEC Eye Centre Myanmar
“5P” Complete Eye Care Program
Blog Post

“5P” Complete Eye Care Program

Published on 1st June, 2021

ISEC မှ မိဘပြည်သူများအတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့ နွေးထွေးစွာ ကြိုဆိုနေပါတယ်၊ အခုကတော့ ISEC က လူနာ တစ်ယောက်ချင်းဆီကို ပေးနေတဲ့ Quality Eye Care အကြောင်းကို ပြောပြပေးပါရစေရှင်။ အားလုံးမှတ်မိလွယ်အောင် ISEC ရဲ့ “5P” Complete Eye Care Program လို့ ပဲခေါ်ပါရစေ။

၁။ ပထမ P ကတော့ proper history taking ပါ

လူအများစုက မျက်စိဆေးခန်းပြရင် မျက်စိကိုပဲကြည့်ပြီး ကုသမှုပေးတယ်လို့ ထင်နေကြပေမယ့် တကယ်ကတော့ လူနာရဲ့ အခြားရောဂါတွေကိုပါ ထည့်သွင်းစဉ်းစားပီး ကုသမှသာ ထိရောက်ပီး တိကျတဲ့ ကုသမှုတခုဖြစ်မှာပါ။ လူနာတစ်ဦးအတွက် ပြည့်စုံတဲ့စိတ်အချရဆုံး မျက်စိရောဂါကာကွယ်စောင့်ရှာက်မှုတစ်ခုဖြစ်ဖို့ဆိုရင် လူနာမှာရှိတဲ့ သွေးတိုး၊ ဆီးချိုရောဂါအခံ၊ ခွဲစိတ်မှုခံယူထားခြင်းရှိမရှိ အစရှိတဲ့ လူနာရောဂါရာဇဝင်ကအစ တိကျသေချာတဲ့ ခွဲစိတ်ကုသမှုရယူဖို့ အပြင် ခွဲစိတ်ပြီး နောက်ပိုင်း ပြုစုစောင့်ရှောက်ခြင်း ဖြစ်စဉ်အထိ အစမှအဆုံး ရှင်းလင်းစွာ သိရှိထားဖို့လိုပါတယ်။

၂။ ဒုတိယ P ကတော့ proper examination ပါ

လူနာရဲ့ရောဂါကို စစ်ဆေးစမ်းသပ်တဲ့အခါ တိကျသေချာမှုက အရေးကြီးဆုံးပါ။ ဒါမှသာ မှန်ကန်တဲ့ရောဂါနာမည်တပ်နိုင်ပြီး ကုသမှုခံယူကာ အမြန်ပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။ ISEC မှာရှိနေတဲ့ မျက်စိအထူးကုသမားတော်များဟာ နိုင်ငံတကာမှ ဘွဲ့လွန်ရယူထားတဲ့ အတွေ့အကြုံများတဲ့ ဆရာဝန်များပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်စိရောဂါများကို စစ်ဆေးတဲ့အခါမှာ USA မှ ထုတ်လုပ်ထားတဲ့ စက်သစ်ကြီးများနဲ့ စစ်ဆေးပေးတာဖြစ်တဲ့အတွက် တိကျမှန်ကန်တဲ့အဖြေများကို ရရှိနိုင်ပါတယ်။

၃။ တတိယ P ကတော့ Proper explanation, communication and consultation ဖြစ်ပါတယ်

ကျွန်မတို့ ISEC မျက်စိဆေးရုံမှာ လူနာတွေကို booking system နဲ့ပဲသွားတဲ့အတွက် ဆရာဝန်နဲ့ဆွေးနွေးတဲ့အခါ လူနာတစ်ယောက်ချင်းစီအတွက် လုံလောက်တဲ့ဆွေးနွေးချိန်ကို စီစဉ်ပေးထားပါတယ်။ ဆရာဝန်များဘက်မှလဲ လူနာရဲ့ရောဂါရာဇဝင်၊ ကုသမှုပုံစံ၊ ဘေးထွက်ဆိုးကျိုး၊ ဆောင်ရန်ရှောင်ရန် အစရှိသည်ဖြင့် လူနာဘက်မှ သိလိုသည်များကို စိတ်ရှည်စွာ ရှင်းပြပေးပါတယ်။ One way explanation ပုံစံမဟုတ်ဘဲ two-way discussion ပုံစံရရှိအောင် စီစဉ်ပေးထားပါတယ်။ လူနာရဲ့သတင်းအချက်အလက်လုံခြုံမှု privacy ကို အလေးထားတဲ့အနေနဲ့ လူနာကြည့်ခန်းများကိုလဲ သီးသန့်တစ်ခန်းချင်းစီ ဖွဲ့စည်းထားပါတယ်။

၄။ စတုတ္ထ P ကတော့ Proper treatment and management ဖြစ်ပါတယ်

ISEC မျက်စိဆေးရုံမှာ ဆရာဝန်နဲ့ဆွေးနွေးခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်း၊ ခွဲစိတ်ခြင်း အစရှိသည့်တို့ကို တစ်နေရာထဲမှာ ပြုလုပ်နိုင်တဲ့အတွက် one stop service ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုကို ရရှိနိုင်လို့ အချိန်ကုန် လူပင်ပန်းတာကို သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် electronic medical record system ကို အသုံးပြုထားတဲ့အတွက် လူနာတွေရဲ့ ရောဂါရာဇဝင်၊ ကုသမှုမှတ်တမ်းများ၊ စစ်ဆေးထားသောအဖြေများအားလုံးက ISEC မှာ အမြဲရှိနေမှာဖြစ်တဲ့အတွက် ကုသမှုဖြစ်စဉ် ပျက်သွားမှာမျိုးတွေ မဖြစ်တော့ပါဘူး။ ပျောက်သွားမှာ၊ ပျက်စီးသွားမှာ၊ ဆေးခန်းလာပြတဲ့အခါ အိမ်မှာမေ့ကျန်ခဲ့တာမျိုးတွေအတွက်လဲ စိတ်ပူစရာမလိုပါဘူး။

၅။ နောက်ဆုံး P ကတော့ Proper Pre and Post operation care serviceပဲ ဖြစ်ပါတယ်

မျက်စိရောဂါကုသမှုထဲမှာ မျက်လုံးခွဲစိတ်ခြင်းက အကြီးမားဆုံး ကုသနည်းပုံစံပါ။ လူတိုင်းလဲ စိတ်ပူကြ ကြောက်ကြပါတယ်။ အဲ့အတွက်ကို ISEC ကနေပြီးတော့ ဝန်‌ဆောင်မှု (၂ )မျိုး ပေးပါတယ်။
ပထမတစ်ခုက မခွဲစိတ်ခင်မှာ ခွဲစိတ်ပုံ၊ ခွဲစိတ်နည်း၊ ခွဲစိတ်မည့်ကြာချိန်၊ မခွဲစိတ်ခင် ပြင်ဆင်သင့်သည် များ ရှင်းပြခြင်း၊ မခွဲစိတ်ခင် လူနာ၏ကျန်းမာရေးစစ်ဆေးခြင်း အစရှိသည်တိုကို့ ဆောင်ရွက်ပေးပြီး ခွဲစိတ်ခြင်းအတွကိ စိတ်အချရဆုံးဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ 
နောက်တခုကတော့ ခွဲစိတ်ပြီးသွားတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ၊ ဂရုစိုက်သင့်သည်များကို သူနာပြုများမှ ရှင်းပြပေးပြီး အကောင်းဆုံးသော ခွဲစိတ်မှုရလဒ်ကို ရရှိစေရန် လမ်းညွှန် ရှင်း‌လင်းပေးပါတယ်ရှင့်။

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821