Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |အဆုတ်ရောင်ရောဂါ ကိုဗစ်ပိုး ကူးစက်ခံရပီးနောက်ပိုင်း ခန္ဓာကိုယ်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ - ISEC Eye Centre Myanmar
အဆုတ်ရောင်ရောဂါ ကိုဗစ်ပိုး ကူးစက်ခံရပီးနောက်ပိုင်း ခန္ဓာကိုယ်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ
Blog Post

အဆုတ်ရောင်ရောဂါ ကိုဗစ်ပိုး ကူးစက်ခံရပီးနောက်ပိုင်း ခန္ဓာကိုယ်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ

Published on 24th August, 2021

ကိုဗစ်ပိုးသည် အဓိကအားဖြင့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ထဲရှိ လေအိတ်ငယ်လေးများကို ရောင်ရမ်းစေသောကြောင့် အောက်ဆီဂျင်ကျခြင်း၊ အသက်ရှုကျပ်ခြင်း အစရှိသည့် လက္ခဏာများကို ခံစားရတတ်ပါတယ်.

သို့သော်လည်း ကိုဗစ်ရောဂါပိုးသည် အဆုတ်နှင့် အသက်ရှုလမ်းကြောင်းအပြင် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုပါ တိုက်ခိုက်ဖျက်စီးနိုင်ကြောင်းလဲ တွေ့ရှိရပါတယ်။

ကိုဗစ်ပိုးခန္နာကိုယ်ထဲ ဝင်ရောက်ပြီးပါက အဖြစ်များတတ်သော ‌ဘေးထွက်ဆိုးကျိုးများမှာ

? မျက်ကြည်လွှာ၊ အမြင်လွှာ၊ အမြင်အာရုံကြောများ ထိခိုက်ခြင်း၊ ရောင်ရမ်းခြင်း

? မောပန်း နုံးချိလွယ်ခြင်း

? ခံနိုင်ရည်အားနည်းခြင်း

? ချောင်းဆိုးခြင်း

? ရင်ဖက်နာခြင်း

? ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း

? ခေါင်းကိုက်ခြင်း

? ကြွက်သားနာခြင်း

? အဆစ်အမြစ်များ နာကျင်ရောင်ရမ်းခြင်း

? ဗိုက်နာခြင်း

? ဝမ်းသွားခြင်း

? အဖျားရှိခြင်း

? ညဖက်အိပ်မပျော်ခြင်း

? စိတ်ခံစားမှုများ အလွယ်တကူပြောင်းလဲခြင်း

? အရေပြားပေါ်တွင် အနီကွက်များဖြစ်ခြင်း

? အမျိုးသမီးများတွင် ရာသီသွေးမမှန်ခြင်း

ထို့ကြောင့် ကိုဗစ်ရောဂါခံစားရပြီးသူများအနေဖြင့် နာလန်ထူပီးနောက်ပိုင်း ၃လမှ ၆လခန့် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုများပြုလုပ်ခြင်းကို ရှောင်ရှားပီး ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်သင့်ပါသည်။

မျက်စိနဲ့ပတ်သက်ပြီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ်အချက်အလက်များကို ISEC Eye Centre Myanmarရဲ့ Messenger m.me/ISECEyeCentreMyanmar သို့ (24/7) ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း ၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလိုရပါတယ် နော်။

? A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။

? ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.

☎️ Tel:+95 1 386 800, ?+95 9 448282821
? isecmyanmar@gmail.com
? www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821