Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |ရေတိမ်ရောဂါအကြောင်း သိကောင်းစရာများ - ISEC Eye Centre Myanmar
ရေတိမ်ရောဂါအကြောင်း သိကောင်းစရာများ
Blog Post

ရေတိမ်ရောဂါအကြောင်း သိကောင်းစရာများ

Published on 10th June, 2022

မျက်စိရောဂါဝေဒနာများထဲမှ အဖြစ်များသော ရေတိမ်ရောဂါအကြောင်းကို ဝေမျှပေးပါရစေရှင်.

၁. ထောင့်ကျယ်ရေတိမ်ရောဂါသည် မည်သည့်ရောဂါလက္ခဏာမှ စောလျှင်စွာ မပြပါ။
၂. နာကျင်၊ မှုန်ဝါး၊ နီရဲခြင်းများ လုံးဝမဖြစ်ပေါ်ပါ။
၃. နောက်ဆုံးအဆင့် အာရုံကြော ချို့ယွင်း၍ မြင်ကွင်းနှင့် အမြင်အား သိသာစွာ ကျဆင်းမှသာလျှင် ရောဂါရှိကြောင်း သတိပြုမိနိုင်ပါသည်။
၄. ထို့ကြောင့် ထောင့်ကျယ်ရေတိမ်သည် မျက်စိကျန်းမာရေးပုံမှန်စစ်ဆေးမှသာလျှင် သိရှိနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။


ရေတိမ်ရောဂါအဖြစ်များနိုင်သူများမှာ..
✨ မိသားစုမျိုးရိုးတွင် ရေတိမ်ရောဂါရှိသူများ
✨ ဆီးချိုသွေးတိုးရှိသူများ
✨ မျက်မှန်ပါဝါများသူများ
✨ အသက်ကြီးသူများ
✨ Steroid ဆေးကြာရှည်သုံးစွဲသူများ
✨ ရေပေါင်ချိန်များပြီး မျက်ကြည်လွှာပါးသူများ
✨ မျက်လုံးသွေးကြောပိတ်ဖူးသူများပဲဖြစ်ပါတယ်။


ရေတိမ်ရောဂါဖြစ်ပွါးနေပါက ကုသနိုင်သောနည်းလမ်းများမှာ..
✅ မျက်စဉ်းခတ်ခြင်းနှင့် ဆေးသောက်ခြင်း
✅ လေဆာပစ်ခြင်း နှင့်
✅ ခွဲစိတ်ကုသခြင်းတို့ပဲဖြစ်ပါတယ်။


ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း
ရေတိမ်ရောဂါဖြစ်ပွါးနိုင်သည်ဟု သံသယ ရှိသည်နှင့်
👩‍⚕️ စောလျှင်စွာသိရှိနိုင်ရန် မျက်စိ ဆရာဝန်နှင့် သေချာစမ်းသပ်ခြင်း
👩‍⚕️ ထောင့်ကျဉ်းရေတိမ်အား ကြိုတင်လေဆာပစ်၍ ကာကွယ်ခြင်းတို့ဖြင့်ကြိုတင်ကာကွယ်ကုသနိုင်ပါသည်။
📞 သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။

အသေးစိတ်သိရှိလိုပါက
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,📞+95 9 448282821
📧 isecmyanmar@gmail.com
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821