Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |မျက်စိအနောက်ခန်းရောဂါအတွက် မျက်စိလေဆာပစ်ခြင်း ANTI-VEGF ဆေးထိုးခြင်း - ISEC Eye Centre Myanmar
မျက်စိအနောက်ခန်းရောဂါအတွက် မျက်စိလေဆာပစ်ခြင်း ANTI-VEGF ဆေးထိုးခြင်း
Blog Post

မျက်စိအနောက်ခန်းရောဂါအတွက် မျက်စိလေဆာပစ်ခြင်း ANTI-VEGF ဆေးထိုးခြင်း

Published on 6th March, 2025

သင့်မှာ မျက်စိအနောက်ခန်းအမြင်လွှာပြဿနာများဖြစ်နေပြီလား …
✨မျက်စိအနောက်ခန်းဆိုင်ရာရောဂါအမျိုးမျိုးကို ရှာဖွေစစ်ဆေးဖို့အတွက် နောက်ဆုံးပေါ် 𝐂𝐢𝐫𝐫𝐮𝐬 𝐏𝐡𝐨𝐭𝐨 𝟖𝟎𝟎 ဖြင့် စမ်းသပ်ပြသကာ ဝါရင့်ကျွမ်းကျင်သော မျက်စိအနောက်ခန်းဆိုင်ရာဆရာဝန်ကြီးမှ ဆွေးနွေးကုသပေးပြီး
မျက်စိအနောက်ခန်းရောဂါအတွက် မျက်စိလေဆာပစ်ခြင်း ANTI-VEGF ဆေးထိုးခြင်းများအပြင်
𝐔𝐒𝐀 𝐦𝐚𝐝𝐞 𝐀𝐥𝐜𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐞𝐥𝐥𝐚𝐭𝐢𝐨𝐧 စက်ကြီးများဖြင့် နာကျင်မှုမရှိဘဲ ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးတွင်အောင်မြင်စွာခွဲစိတ်ပေးနေပါပြီ။
𝐂𝐢𝐫𝐫𝐮𝐬 𝐏𝐡𝐨𝐭𝐨 𝟖𝟎𝟎 ဖြင့် ~
✨Optical Coherence Tomography (OCT)
✨Fundus Photo
✨Fundus Fluorescence Angiography (FFA) တို့ကို စစ်ဆေးနိုင်ပါတယ်။
မျက်စိအနောက်ခန်းခွဲစိတ်ရန်အတွက်လိုအပ်သောရောဂါများမှာ ~
☑️ အမြင်လွှာကွာခြင်း (Retinal Detachment)
☑️ ဆီးချိုကြောင့်အမြင်လွှာပျက်စီး၍ကွာခြင်း (Diabetes Tractional Tractional Detachment)
☑️ အမြင်လွှာအပေါက်ရှိခြင်း (Macula Hole)
☑️ အမြင်လွှာအမြှေးပါးတက်ခြင်း (Epiretinal Membrane)
☑️ အသက်အရွယ်ကြောင့် အမြင်လွှာပျက်စီးခြင်း (Age-related Macula Degeneration)
☑️ မျက်စိအနောက်ခန်းသွေးထွက်ခြင်း (Vitreous Haemorrhage)
☑️ ထိခိုက်မိခြင်းကြောင့် မျက်စိထဲဝင်ရောက်သွားသော သံစဖယ်ခြင်း (Intraocular Foreign Body Removal)
☑️ အနောက်ခန်းသို့ ပြုတ်ကျနေသော မှန်ဘီလူးကိုပြန်ထုတ်ခြင်း (Removal of Dropped Lens)
☑️ အတွင်းတိမ်ခွဲစိတ်စဉ် ဂျယ်လီအိတ်ပေါက်သွားပြီး မျက်စိအနောက်ခန်းသို့ ပြုတ်ကျသွားသော အတွင်းတိမ်အပိုင်းအစများကို ဖယ်ရှားခြင်း (Removal of Dropped Lens Matter) တို့ပဲဖြစ်ပါတယ်။
✨ခွဲစိတ်သည့်အခါ မျက်သားအဖြူပေါ်တွင် အလွန်သေးငယ်သော အပေါက်ငယ်(၃)ပေါက်ဖောက်ပြီး သေးငယ်သောမှန်ဘီလူးချောင်းလေးနှင့် ကိရိယာများကို မျက်စိအနောက်ခန်းထဲသို့ထည့်ပီး အထဲရှိဂျယ်လီ(Vitreous humor) များကို ပထမဆုံး ဖယ်ရှားပါသည်။ ထို့နောက် ရောဂါအမျိုးအစားပေါ်မူတည်၍ လေဆာပစ်ခြင်း(laser therapy)၊ အေးခဲဓာတ်အသုံးပြု၍ ပြုပြင်ခြင်း(cryotherapy)၊ Heavy Liquid ကိုအသုံးပြုခြင်း၊ ‌Gas ထည့်ခြင်း၊ ဆီထည့်ခြင်း (Silicone Oil) အစရှိသည့် ကုသမှုများကို ပြုလုပ်ပေးနေပါသည်။
✨ခွဲစိတ်ပြီးနောက်ပိုင်းတွင် လိုအပ်သော လေဆာပစ်ခြင်း၊ မျက်စိဆေးထိုးခြင်း တို့ကိုလည်း တစ်နေရာတည်းတွင် ပြုလုပ်နိုင်ပါပြီ။
👩‍⚕️ISEC နိုင်ငံတကာမျက်စိဆေးရုံတွင် ဝါရင့်ကျွမ်းကျင်သော မျက်စိအနောက်ခန်းဆိုင်ရာဆရာဝန်ကြီးများရှိခြင်း၊ အကောင်းဆုံး‌ မျက်စိအနောက်ခန်းခွဲစိတ်စက် Alcon Constellation စက်ကြီးဖြင့်ခွဲစိတ်ပေးခြင်း၊ ခွဲစိတ်သည့်အခါလိုအပ်သော လေဆာပစ္စည်းကိရိယာများနှင့်ဆေးဝါးများစုံလင်ပြည့်စုံခြင်း၊ ခွဲစိတ်ပြီးနောက် လိုအပ်နိုင်သော လေဆာစက်များ၊ မျက်စိထိုးဆေးများကို တစ်နေရာတည်းတွင် ကုသနိုင်ခြင်းစသောအားသာချက်များရှိသည့်အတွက် မျက်စိအနောက်ခန်းနှင့်ပတ်သတ်ပြီး ယုံကြည်စိတ်ချစွာ လာရောက်ကုသဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်..
အသေးစိတ်သိရှိလိုပါက
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,📞+95 9 448282821
📧 isecmyanmar@gmail.com
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821