ဒဏ်တိမ်ကို ISEC မှာ ကုသမူခံယူလိုက်ပါ
Blog Post

ဒဏ်တိမ်ကို ISEC မှာ ကုသမူခံယူလိုက်ပါ

Published on 16th May, 2024

ဒဏ်တိမ်အကြောင်းသိကောင်းစရာ (သို့မဟုတ်) ပုံမှန်မဟုတ်သောတိမ်များ

🔹ဒဏ်တိမ်ဆိုသည်မှာ မျက်စိကို ထိခိုက်ဒဏ်ရာရမိပြီးနောက် မျက်စိအတွင်းရှိ မှန်ဘီလူးတွင် တိမ်ဖြစ်လာပြီး နောက်ဆက်တွဲမျက်စိပြဿနာများဖြစ်လာသည်။ ဒဏ်တိမ်မှာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။

🔹ဒဏ်ရာရရှိပြီး ရက်ပိုင်းအတွင်းတွင်သော်လည်းကောင်း၊ နှစ်များစွာကြာပြီးမှ သော်လည်းကောင်း ပုံမှန်မဟုတ်သောတိမ် ဖြစ်ပေါ်ရရှိနိုင်ပါသည်။ မျက်စိအား ပထမတစ်ကြိမ်ခွဲစိတ်ပြီးလျင်လည်း ဖြစ်တတ်ပါသည်။

✨ဒဏ်တိမ်ရှိလျှင်ခံစားရသောလက္ခဏာများမှာ~

၁. အမြင်ဝါးခြင်း

၂. အလင်းစူးခြင်း

၃. မြင်ကွင်း၂ထပ်ဖြစ်ခြင်း

၄. မီးလုံးတွင်အလင်းကွင်းများမြင်ရခြင်း

၅. မျက်စိအောင့်ခြင်း တို့ပဲဖြစ်ပါသည်။

✨ဒဏ်တိမ်နှင့်တွဲလေ့ရှိသော အခြားရောဂါလက္ခဏာများမှာ ~

၁. သူငယ်အိမ်ထိခိုက်ခြင်း

၂. မျက်စိရေလမ်းကြောင်းထိခိုက်မိခြင်းကြောင့် ရေတိမ်ဖြစ်လာခြင်း

၃. ခွဲစိတ်ပြီးသောသူများတွင် မှန်ဘီလူးစောင်းခြင်း၊ မှန်ဘီလူးသည် အရှေ့ခန်းနှင့် အနောက်ခန်းသို့ ပြုတ်ကျခြင်း

၄. မျက်စိရှေ့ခန်းနှင့် အနောက်ခန်းတွင် ပိုးဝင်ခြင်း၊ သွေးထွက်ခြင်း

၅. မျက်ကြည်လွှာဒဏ်ရာရခြင်း၊ အမြင်လွှာကွာခြင်း

၆. အမြင်အာရုံကြောထိခိုက်ပျက်စီး၍အမြင်အားဆုံးရှုံးခြင်း

စသည်တို့ပါ တွဲလျက်ရှိနေနိုင်ပါသည်။

🔹ဒဏ်တိမ်ဖြစ်ပါက ပုံမှန်အတွင်းတိမ်ကဲ့သို့ပင် မျက်လုံးတွင်းရှိ အတွင်းတိမ်ကို ဖယ်ထုတ်ပြီး မှန်ဘီလူးအစားထိုး ထည့်ခဲ့ပေးရပါမည်။

🔹သို့ရာတွင် မျက်စိအိမ်အတွင်း၌ အခြားနောက်ဆက်တွဲထိခိုက်ဒဏ်ရာများပါ ရှိနေပါက ခက်ခဲသောခွဲစိတ်မှုအမျိုးအစားဖြစ်ပြီး ခွဲစိတ်မှုတစ်ခုထက်ပိုပြီး ပြုလုပ်ရန်လိုအပ်နိုင်ပါသည်။ ထို့ကြောင့်ခွဲစိတ်ရာတွင် ပျက်စီးသွားသောနေရာများတွင် အထောက်အပံ့ပေးနိုင်မည့် အခြားထောက်ပံ့ပစ္စည်းများ၊ ဆေးရည်များကိုလဲ ထည့်သွင်းအသုံးပြုရန် လိုအပ်လှပါသည်။ ခွဲစိတ်ပြီးနောက် အမြင်အားကို ပြန်လည်တိုးတက်လာရန်အတွက် အချိန်ပိုမို စောင့်ဆိုင်းရပါသည်။

🔹ပိုမိုအောင်မြင်သောခွဲစိတ်မှုအခြေအနေကို ရရှိနိုင်ရန် ကျွမ်းကျင်အတွေ့အကြုံရှိသော မျက်စိဆရာဝန်များနှင့် ပြသတိုင်ပင်ပြီး နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာစုံလင်သောနေရာတွင် ပြုလုပ်ရန် လိုအပ်ပါသည်။

👨‍⚕လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ မျက်စိတစုံကို အမြဲကြည်လင်ပြတ်သားစွာဖြစ်နေစေဖို့ ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင်။

အသေးစိတ်သိရှိလိုပါက~

🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ

🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။

🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫

A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.

☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133

📧 [email protected]

🌐www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821