✨ISEC နိုင်ငံတကာအဆင့်မှီမျက်စိအထူးကုဆေးရုံကြီးရဲ့ (၅)နှစ်ပြည့်အထိမ်းအမှတ် အထူးပရိုမိုးရှင်း✨
Published on 5th November, 2024
🔹ISEC နိုင်ငံတကာအဆင့်မှီမျက်စိအထူးကုဆေးရုံကြီးရဲ့ (၅) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာလ (၅) ရက် မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ (၁) လတိတိ အထူးပရိုမိုးရှင်းအနေနဲ့ ဈေးနှုန်းသက်သက်သာသာဖြင့် မျက်စိအတွင်းတိမ်ခွဲစိတ်ပေးမယ့်အပြင် ပရိုမိုးရှင်းကာလအတွင်း အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူသူများကို 𝐔𝐩 𝐭𝐨 𝟓𝟎𝟎,𝟎𝟎𝟎 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐂𝐨𝐮𝐩𝐨𝐧 များလည်း လက်ဆောင်ပေးအပ်သွားမှာပါ။
🔹အတွင်းတိမ်ရောဂါကို မခွဲစိတ်ဘဲ ကြာမြင့်စွာထားပါက မျက်လုံးအတွင်းရှိ ကြွက်သားတွေအပြင် အာရုံကြောတွေပါ ထိခိုက်လာနိုင်တာမို့ အမြင်ဝါးခြင်း၊ အရောင်ပြောင်းလာခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရခက်ခဲခြင်း စတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် အတွင်းတိမ်ခွဲစိတ်အထူးကုဆရာဝန်တွေနဲ့ အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။
မျက်စိအတွင်းတိမ်ရှိခြင်း၏ လက္ခဏာများမှာ ~
- အမြင်ဝါးလာခြင်း
- အမြင်နှစ်ထပ်ဖြစ်ခြင်း
- နေရောင် (သို့) မီးလုံး၊ မီးချောင်းမှ အလင်းတန်းများ အလွန်စူးခြင်း
- မျက်မှန်ပါဝါမကြာခဏတိုးလာခြင်း
- အမြင်ဝါးခြင်းကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရခက်ခဲခြင်း
- စာဖတ်ရန်နှင့်အခြားလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် အလင်းရောင်ပိုမိုလိုအပ်ခြင်း
အရောင်များကိုကြည့်လျှင် မှိန်ခြင်း သို့ အဝါရောင်သန်းနေခြင်းတို့ပဲဖြစ်ပါတယ်။
🔹ISEC Myanmar ရဲ့ နောက်ဆုံးပေါ်အတွင်းတိမ်ခွဲစိတ်နည်းတွင် ဓားခွဲစိတ်ရာ၊ ချုပ်ရိုးရာ မပါဝင်ဘဲ မျက်လုံးအတွင်းသို့ မှန်ဘီလူးအစားထိုးကုသနိုင်ပြီး မျက်လုံးခွဲရာ၌ ဖြစ်လေ့ရှိတဲ့ နာကျင်ခြင်း၊ မျက်လုံးတွင်းသွေးထွက်ခြင်း၊ ချုပ်ရိုးမကျက်ခြင်း၊ ချုပ်ရိုးပိုးဝင်ခြင်း အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားလို့ရနေပါပြီ။
🔹ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း လူကြီးမင်းတို့ရဲ့ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်တဲ့ ဝေဒနာတွေကို ပရိုမိုးရှင်းကာလအမှီ အမြန်ဆုံး လာရောက်ဆွေးနွေးကုသလိုက်ပါနော်။
အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm