အတွင်းတိမ်ခွဲစိတ်ခြင်း နှစ်သစ်ကူး အထူးစျေးနှုန်း
Published on 5th April, 2022
အတွင်းတိမ် ခွဲစိတ်ခြင်းကို နှစ်သစ်ကူး အထူးစျေးနှုန်း ၉ သိန်းခွဲကျပ်ဖြင့် April ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ISEC နိုင်ငံတကာ မျက်စိဆေးရုံကြီးတွင် ခွဲစိတ်ကုသနိုင်ပါပြီ။
မျက်စိရောဂါဝေဒနာများထဲ မျက်စိအတွင်းတိမ် ခွဲစိတ်ခြင်း အကြောင်းနှင့် ခွဲစိတ်မှုနှင့်ပတ်သတ်သည့် သိသင့်သည်များအား ဝေမျှပေးလိုက်ပါသည်။
အတွင်းတိမ် ဆိုတာဘာလဲ။
အတွင်းတိမ်ဆိုတာ မျက်လုံးထဲရှိ မွေးရာပါမှန်ဘီလူးမှာ အညှိအကြေးတွေတက်ပြီး တဖြည်းဖြည်းနှင့် အမြင်ဝါးလာခြင်း ဖြစ်ပါတယ်။
အတွင်းတိမ် ခွဲနည်းဘာတွေရှိလဲ။
အတွင်းတိမ်ကို စက်နဲ့ခွဲတာ၊ လက်နဲ့ခွဲတာ ဆိုပြီး နည်း(၂)နည်း ရှိပါမယ်။
စက်နဲ့ခွဲတာရဲ့ အားသာချက်တွေကတော့ ချုပ်ရိုးမရှိတာကြောင့် အနာမကျက်တာ ချုပ်ရိုးပြည်တည်တာမျိုးတွေ မရှိပါဖူး။ ခွဲစိတ်ပြီးနောက် အမြင်အား သိသိသာသာတက်သလို၊ ခွဲစိတ်ပြီးနောက် ဖြစ်နိုင်သော အမြင်လွှာ ရောင်ရမ်းမှုများလဲ မရှိသလောက်နဲပါတယ်။
အရမ်း ရင့်သွားတဲ့ အတွင်းတိမ်တွေ ဆိုရင်တော့ စက်နဲ့ခွဲဖို့ မသင့်လျော်တဲ့အတွက် လက်နဲ့ပဲ ခွဲရပါလိမ့်မယ်။
အတွင်းတိမ် ရှိမှန်းသိရင် ဘယ်အချိန်မှာ ခွဲသင့်လဲ။
အတွင်းတိမ် ဆိုတာ အသက်ကြီးလို့ ဖြစ်လာတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်တဲ့အတွက် လူတိုင်းအနှေးနဲ့ အမြန်တော့ အတွင်းတိမ်ခွဲဖို့ လိုအပ်ပါလိမ့်မယ်။ အတွင်းတိမ်ရှိကြောင်း သိနေရင်တော့ မိမိတို့ အဆင်ပြေသင့်လျော်တဲ့အချိန်မှာ စောလျင်စွာ အတွင်းတိမ် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။ အတွင်းတိမ်ရင့်တဲ့ အထိစောင့်တဲ့အခါ စက်နဲ့ခွဲလို့မရတဲ့ အခြေအနေမျိုးထိ ဖြစ်သွားနိုင်တာမျိုးတွေကြောင့် အသိနောက်မကျဖို့လဲ လိုအပ်ပါတယ်။
အတွင်းတိမ်ခွဲပီး ဘယ်လောက်ကြာမှ အမြင်အားတက်လာမှာလဲ။
အတွင်းတိမ်အနုအရင့်၊ အမြင်လွှာအနေအထား၊ မျက်ကြည်လွှာ အနေအထားပေါ်မူတည်ပြီး ခွဲစိတ်ပြီး နောက်တရက်မှစတင်ပြီး အမြင်အား သိသိသာသာ တက်လာပါတယ်။
အတွင်းတိမ်ခွဲပီးရင် လူမမာလို အိပ်ရာထဲလှဲနေရမှာလား။
အတွင်းတိမ် ခွဲစိတ်ပြီးတဲ့အခါ အိမ်ရာထဲ လှဲနေစရာ မလိုပါ။ ပုံမှန်လူကဲ့သို့ အိမ်ထဲတွင် စားသောက် လှုပ်ရှား သွားလာနိုင်ပါတယ်။
အတွင်းတိမ်ခွဲတာ အန္တရာယ်များလား။ အောင်မြင်ဖို့ ရာခိုင်နှုန်းရော ဘယ်လောက်ရှိလဲ။
အတွင်းတိမ်ခွဲစိတ်ခြင်းက ယေဘူယျအားဖြင့် ဘေးထွက် အန္တရာယ်အလွန်နည်းပါး ပါတယ်။ အောင်မြင်မှုရာခိုင်နှုန်းကလဲ 99.99% ရှိပါတယ်။
အသက်ကြီးတဲ့သူတွေ၊ သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေ၊ နှလုံးစက်ထည့်ထားတဲ့သူတွေ၊ နှလုံးသွေးကြော ဆက်ထားတဲ့သူတွေရော အတွင်းတိမ်ခွဲလို့ ရလား။
အသက်ကြီးတဲ့သူတွေ၊ အခြားရောဂါအခံရှိတဲ့သူတွေလဲ မျက်စိအတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်နိုင်ပါတယ်။
အချို့လူနာများကတော့ မိမိတို့ ပြသနေကျ သမားတော်တွေရဲ့ ခွဲစိတ်ဖို့ သဘောတူကြောင်း လိုအပ်ပါလိမ့်မယ်။
အတွင်းတိမ်ခွဲရင် ဘယ်လောက်ကြာလဲ။ ဆေးရုံမှာ ညအိပ်ရမလား။
အတွင်းတိမ်ခွဲစိတ်မယ်ဆိုရင် ခွဲစိတ်ချိန်သည် ပုံမှန်အားဖြင့် ၁၅-၂၀မိနစ်ကြားမှာ ရှိပါတယ်။ ဆေးရုံမှာ ညအိပ်စရာ မလိုအပ်ပါ။
အတွင်းတိမ် ခွဲပီးနောက် ပြုစုဖို့ သူနာပြုလိုလား။
အတွင်းတိမ် ခွဲစိတ်ပြီးနောက် လိုအပ်သည်များကို ဆေးရုံမှ သူနာပြုများက အသေးစိတ်ရှင်းပြပါတယ်။ အိမ်သားတယောက်ယောက်အကူအညီနဲ့ ပြုစုပေးနိုင်ပါတယ်။
အတွင်းတိမ် ခွဲပီးရင် နောက်တခါထပ်ဖြစ်နိုင်သေးလား။
အတွင်းတိမ် ခွဲပြီးတဲ့အခါ မှန်ဘီလူးအသစ်ကို အစားထိုးထည့်ပေးခဲ့တာ အတွက်ကြောင့် အတွင်းတိမ် နောက်တခေါက်ထပ်မဖြစ်နိုင်ပါ။ ထည့်ထားတဲ့ မှန်ဘီလူးမှာ အညှိအကြေးများ အနည်းငယ်ရှိလာပါက လေဆာအသုံးပြု၍ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။
မျက်စိနဲ့ ပတ်သတ်ပီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ် အချက်အလက်များကို ISEC မျက်စိရောဂါ အထွေထွေနှင့် အတွင်းတိမ် အထူးကု ဆေးရုံကြီးရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7) ဆက်သွယ် စုံစမ်း ခြင်းဖြင့်လည်းကောင်း၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ် စုံစမ်းလို့ ရပါတယ်။
ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township,
Yangon, Myanmar.