မျက်စိအတွင်းတိမ်ခွဲစိတ်ပြီးနောက် ရရှိလာသောအကျိုးကျေးဇူးများ
Published on 14th January, 2025
မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်းသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး ခွဲစိတ်မှုဖြစ်ပြီး လူပေါင်းများစွာကို မျက်စိကွယ်ခြင်းမှ ကယ်တင်ပေးတဲ့ ခွဲစိတ်မှု တစ်ရပ် ဖြစ်ပါတယ်။
အတွင်းတိမ်ကို စက်ဖြင့်ခွဲစိတ်ပါက အမြင်အားကို ပိုမိုကောင်းမွန်စေပြီး မျက်လုံးထိခိုက်ခြင်းနှင့် ခွဲစိတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း လျော့နည်းစေပါတယ်။
ဒါ့အပြင် လက်ဖြင့်ခွဲစိတ်ခြင်းထက် ကောင်းကျိုးပိုများသလို ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းပါးပါတယ်။
အတွင်းတိမ်ကို အချိန်မှီခွဲစိတ်ပါက ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့…
✨ ပုံမှန်အမြင်အားကို အမြန်ဆုံး ပြန်လည်ရရှိခြင်း
✨ မှန်ဘီလူးပါဝါကို မှန်ကန်တိကျစွာတိုင်းတာနိုင်ခြင်းကြောင့် ခွဲစိတ်ပြီးနောက် ကြည်လင်ပြတ်သားသော မြင်ကွင်းကို ရရှိခြင်း
✨ ခွဲစိတ်ချိန် ပိုမိုမြန်ဆန်ခြင်း
✨ ခွဲစိတ်ချိန်ကြာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ မျက်ကြည်လွှာရောင်ရမ်းခြင်း၊ အမြင်လွှာရောင်ရမ်းခြင်းများ မရှိသလောက်နည်းပါးခြင်း
✨ အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်လာတဲ့ ဦးနှောက်ကျုံ့ရောဂါ Alzheimer’s disease ဖြစ်နိုင်ချေ လျော့နည်းခြင်း စတဲ့အချက်တွေရှိတာမို့ နေ့စဉ်ဘဝလှုပ်ရှားမှုမှာ ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးမှာ USA မှ Phacoemulsification ဖြင့် အတွင်းတိမ်ခွဲစိတ်နိုင်တဲ့အတွက် ခွဲစိတ်ချိန်မြန်ဆန်ခြင်း၊ နာကျင်မှုလုံးဝမရှိခြင်း၊ ဓားခွဲရာမရှိခြင်း၊ ချုပ်ရိုးမပါခြင်း၊ ခွဲစိတ်ပြီးနောက် အမြင်အားပိုမိုကောင်းမွန်ခြင်းစတဲ့ ကောင်းကျိုးတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။
မျက်စိကျန်းမာရေးအတွက် ကုသဖို့လိုအပ်လာပြီဆိုရင် ဘာမှစိုးရိမ်တွေဝေမနေဘဲ 𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုသာ အမြန်ဆုံး လှမ်းလာခဲ့လိုက်ပါနော်။
𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
🏥A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
✉️ [email protected]
🌐 www.isecmyanmar.com.mm