BLINDNESS Awareness Month
Published on 18th October, 2024
အောက်တိုဘာလက အမြင်အာရုံတွေဆုံးရှုံးမှုမဖြစ်အောင် မျက်စိကျန်းမာရေးဆိုင်ရာ အသိပညာပေးလဖြစ်တယ်ဆိုတာ သိပါသလား ☺
🔹မျက်စိကျန်းမာရေးက ခန္ဓာကိုယ်မှာ အထူးဂရုပြုဖို့လိုအပ်ဆုံး ကဏ္ဍတစ်ရပ်ဖြစ်တာမို့ ပညာရှင်တွေကလည်း အသိပညာပေးမှုတွေကို အလေးထားလုပ်ဆောင်လာကြပါတယ်။
🔹ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ လူပေါင်း ၃၁၄ သန်းကျော်ဟာ မျက်မမြင် ၃၇ သန်း အပါအဝင် ပြင်းထန်တဲ့ အမြင်အာရုံ ချို့ယွင်းမှုတွေ ရှိပေမယ့် မျက်စိကွယ်ခြင်းရဲ့ 80 ရာခိုင်နှုန်းကတော့ ကြိုတင်ကာကွယ်လို့ ရပါတယ်။
🔹အထောက်အကူပြုနည်းပညာတွေ တိုးတက်လာမှု၊ အမြင်အာရုံချို့တဲ့မှုနယ်ပယ်မှာ ဆက်လက်သုတေသနပြုဖို့နဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်ကြောင်းကို အားလုံးသိစေဖို့ ရည်ရွယ်ပြီး အောက်တိုဘာလကို မျက်စိကွယ်ခြင်းဆိုင်ရာ အသိပညာပေးလအဖြစ် သတ်မှတ်ထားပါတယ်။
🔹ဒီလို အသိပညာပေးမှုတွေပြုလုပ်ခြင်းက မျက်စိကွယ်ခြင်းနဲ့အမြင်အာရုံချို့ယွင်းတဲ့သူတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို သိရှိနိုင်ဖို့ အခွင့်အလမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။
🔹ဒီကာလမှာ အဖွဲ့အစည်းတွေနဲ့ ဆေးခန်းတွေက အမြင်အာရုံကျန်းမာရေးနှင့် ပတ်သက်တဲ့ အခမ်းအနားတွေ၊ဟောပြောပွဲတွေကို ပြုလုပ်လေ့ရှိပါတယ်။
လူကြီးမင်းတို့အနေနဲ့ မျက်စကျန်းမာရေး ဗဟုသုတတွေ၊အတွေ့အကြုံတွေကို သိရှိနိုင်ဖို့
အမြင်အာရုံစောင့်ရှောက်မှုနဲ့ မျက်စိကွယ်ခြင်းဆိုင်ရာ ပွဲအခမ်းအနားတွေကို တက်ရောက်ပြီး ပါဝင်ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️
အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm