မျက်စိအတွင်းတိမ်နှင့် ရေတိမ်ရောဂါ
Published on 1st January, 2025
✨ရေတိမ်ရောဂါသည် မျိုးရိုးလိုက်ခြင်းနှင့် မိမိ၏မျက်လုံးတည်ဆောက်ပုံအနေအထားကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ရေတိမ်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ မျက်စဉ်းထည့်ခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ခြင်းများဖြင့် မျက်စိရေပေါင်ချိန်ကို ပုံမှန်အတွင်းရှိအောင် ထိန်းထားနိုင်ပါသည်။ မျက်စိရေပေါင်ချိန်ကို ပုံမှန်အတွင်းမထိန်းထားနိုင်ပါက မျက်စိအမြင်အာရုံကြောများ ပျက်စီးပြီး မြင်ကွင်းကျဉ်းလာပြီး နောက်ဆုံးတွင် အမြင်ကွယ်သည်အထိ ဖြစ်နိုင်ပါသည်။
ရေတိမ်ရောဂါရှိသူများတွင် အတွင်းတိမ်ရောဂါ ဖြစ်လာပါက ပုံမှန်ထက် စောလျင်စွာ ခွဲစိတ်ခြင်းဖြင့် ရေပေါင်ချိန် ရုတ်တရက်မြင့်တက်ခြင်းအခြေအနေမှ ကာကွယ်ပေးနိုင်ပါသည်။ အတွင်းတိမ်ခွဲစိတ်ခြင်းဖြင့် အလင်းရောင် ပိုမိုရရှိပြီး အမြင်အားပိုမိုကောင်းမွန်လာနိုင်သော်လည်း ရေတိမ်ကြောင့် ပျက်စီးထားသော အမြင်အားကို ပြန်လည်ရရှိအောင် မပြုလုပ်နိုင်ပါ။
👨⚕လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ မျက်စိတစုံကို အမြဲကြည်လင်ပြတ်သားစွာဖြစ်နေစေဖို့ ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင်။
အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm