မျက်စိခြောက်ခြင်း (dry eye) ဆိုသည်မှာ ဘာလဲ?
Published on 8th November, 2022
မျက်စိခြောက်ခြင်း (dry eye) ဆိုသည်မှာ မျက်စိအတွက် လိုအပ်သောအစိုဓာတ်ကို ထိန်းပေးထားရန် လုံလောက်သောမျက်ရည်ပမာဏမရရှိသော အခြေအနေကို ခေါ်ပါသည်။
(၁)မျက်စိခြောက်လျှင်ခံစားရသောလက္ခဏာများ
မျက်စိထဲအမှုန်၊ အဖတ်တခုဝင်နေသလိုခံစားရခြင်း
အမြင်မှုန်ဝါးအားမရဖြစ်ခြင်း
မျက်စိယားယံခြင်း၊ ညောင်းခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊
မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း
မျက်ခွံဖွင့်ရန်လေးလံခြင်း
အလင်းရောင်စူးခြင်း
မျက်ဝတ်ထွက်ခြင်း
မျက်ရည်ကျခြင်း
ညဖက်ကားမောင်းရအဆင်မပြေခြင်း
မျက်စိခြောက်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများ
အသက်ကြီးခြင်း
မျက်ကပ်မှန်အမြဲတပ်ဆင်ခြင်း
screentimeများခြင်း
airconခန်းထဲတွင် အနေများခြင်း
ပူပြင်းခြောက်သွေ့သောနေရာဒေသ၊ လေတိုက်သောဒေသများတွင်နေထိုင်ခြင်း
မျက်ခွံရောင်ယမ်းခြင်း
LASIK လုပ်ထားသူများ
သိုင်းရိုက်နှင့်Autoimmuneရောဂါ
ဘေးထွက်ဆိုးကျိုးရှိသည့် ဆေးများသောက်နေခြင်း
မျက်တောင်ပေါက်သည့်အနေအထားပုံစံမမှန်ခြင်း
မျက်စိတွင်ဓာတ်မတဲ့ရောဂါခံစားနေရခြင်း
တာရှည်ခံပစ္စည်းများပါဝင်သောမျက်စဉ်းများရေရှည်ခပ်နေရခြင်း
Vitamin A ချို့တဲ့ခြင်း
မျက်စိခြောက်ခြင်းကို ဘယ်လိုကုသရမလဲ /တားဆီးရမလဲ
မျက်ရည်တုအချိန်မှန်ထည့်ပေးခြင်း
မျက်ခွံသန့်ရှင်းရေးစနစ်တကျလုပ်ခြင်း
မျက်စိပေါ်ရေနွေးဖတ်ကပ်ပြီး မျက်ခွံနှိပ်နယ်ပေးခြင်း
screentime လျော့ခြင်း
မျက်ကပ်မှန်အမြဲတပ်ဆင်ခြင်းကို ရှောင်ကျဉ်ခြင်း
အပြင်ထွက်လျှင်နေကာမျက်မှန်တပ်ဆင်ပေးခြင်း
အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အဝါရောင်အသီးအနှံများနှင့် omega3 ပါဝင်သောအစားအသောက်များစားခြင်း
အခန်းတွင်းအစိုဓာတ်ကိုထိန်းနိုင်ရန်humidifierအသုံးပြုခြင်း
မျက်စိခြောက်ခြင်းကိုမကုသဘဲထားပါက
မျက်သားရောင်ယမ်းနီရဲခြင်း
မျက်ကြည်လွှာထိခိုက်ပျက်စီးခြင်းကြောင့်အမြင်အားထိခိုက်ခြင်း
မိမိနေ့စဉ်နေထိုင်မှုဘဝကိုအနှောင့်အယှက်ဖြစ်စေခြင်း တို့ခံစားရနိုင်ပါသည်။
မျက်စိနှင့်ပတ်သတ်သော ရောဂါအမျိုးမျိုးတို့အတွက် နိုင်ငံတကာ ကုသမှုအရည်အသွေးဆိုင်ရာ လက်မှတ်များ၊ ဝန်ဆောင်မှု အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များစွာရရှိထားသည့် နိုင်ငံတကာစံအရည်အသွေးများ နှင့် ISEC Myanmar နိုင်ငံတကာ မျက်စိအထူးကုဆေးရုံကြီးဆီမှာ လာရောက်ပြီး ကျန်းမာရေးစောက်ရှောက်မှုကို ခံယူလိုက်ပါ။
အသေးစိတ်သိရှိလိုပါက
ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
Tel:+95 1 386 800,+95 9 448282821