Glaucoma ကာကွယ်ဖို့ မျက်လုံးစစ်ဆေးခြင်း အမြန်ဆုံးပြုလုပ်ပါ 😊
Blog Post

Glaucoma ကာကွယ်ဖို့ မျက်လုံးစစ်ဆေးခြင်း အမြန်ဆုံးပြုလုပ်ပါ 😊

Published on 6th January, 2025

✨မျက်စိကျန်းမာရေးမှာ အရေးပါတဲ့ Glaucoma က သိသိသာသာ လက္ခဏာပြတာတွေ မရှိတာကြောင့် မကြာခဏ မျက်လုံးစစ်ဆေးခြင်းကို ခံယူရမှသာ သိရှိနိုင်မှာဖြစ်ပါတယ်။

✨အထူးသဖြင့် အသက် 60 ကျော်တဲ့သူတွေ၊ မိသားစုထဲမှာ ဖြစ်ထားတဲ့မျိုးရိုးရှိသူတွေက ဖြစ်နိုင်ချေပိုများပါတယ်။

ရေတိမ်ရောဂါ (Glaucoma) က အရေးပေါ် ကုသရမယ့် ရောဂါဖြစ်ပြီး အဓိကအားဖြင့် ~
▶️ ထောင့်ကျယ်ရေတိမ် (Open Angle Glaucoma)
▶️ ထောင်ကျဉ်းရေတိမ် (Close Angle Glaucoma) ဆိုပြီး (၂ ) မျိုးရှိပါတယ်။

မျက်လုံးအတွင်းရှိ အရည် (aqueous humor) တွေ စီးဆင်းမှု ပုံစံမမှန်ဘဲ ပြည့်လျှံလာတာကြောင့် မျက်လုံးအတွင်း ဖိအားများလာပြီး အမြင်အာရုံအတွက် အရေးပါတဲ့ (optic nerve) ပျက်စီးလာပြီး အမြင်အာရုံဆုံးရှုံးမှုကို ဖြစ်ပေါ်စေတာပါ။

Glaucoma ကို စောစောစီးစီး ကုသမှုခံယူမှသာ အမြင်အာရုံ မထိခိုက်အောင် တားဆီးပေးနိုင်မှာမို့ ဇန်နဝါရီလအတွက် Awareness အနေနဲ့ သတိပေးမျှဝေလိုက်ပါတယ်နော်။

👨‍⚕လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ မျက်စိတစုံကို အမြဲကြည်လင်ပြတ်သားစွာဖြစ်နေစေဖို့ ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင်။

အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821