Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |အတိကျဆုံး မှန်ဘီလူးပါဝါ (𝐈𝐧𝐭𝐫𝐚𝐨𝐜𝐮𝐥𝐚𝐫 𝐋𝐞𝐧𝐬 / 𝐈𝐎𝐋)တိုင်းတာစက် IOL MASTER 700 - ISEC Eye Centre Myanmar
အတိကျဆုံး မှန်ဘီလူးပါဝါ (𝐈𝐧𝐭𝐫𝐚𝐨𝐜𝐮𝐥𝐚𝐫 𝐋𝐞𝐧𝐬 / 𝐈𝐎𝐋)တိုင်းတာစက် IOL MASTER 700
Blog Post

အတိကျဆုံး မှန်ဘီလူးပါဝါ (𝐈𝐧𝐭𝐫𝐚𝐨𝐜𝐮𝐥𝐚𝐫 𝐋𝐞𝐧𝐬 / 𝐈𝐎𝐋)တိုင်းတာစက် IOL MASTER 700

Published on 30th August, 2023

✨အတိကျဆုံး မှန်ဘီလူးပါဝါ (𝐈𝐧𝐭𝐫𝐚𝐨𝐜𝐮𝐥𝐚𝐫 𝐋𝐞𝐧𝐬 / 𝐈𝐎𝐋) တိုင်းတာစက်✨IOL MASTER 700✨

အတွင်းတိမ်ခွဲစိတ်ပြီးနောက် ကြည်လင်ပြတ်သားပြီး ကောင်းမွန်တဲ့ရလဒ်ကို ရရှိနိုင်ဖို့က ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနှင့် ခွဲစိတ်ခြင်း၊ အရည်‌အသွေးကောင်းမွန်တဲ့ မှန်ဘီလူးအမျိုးအစားကိုရွေးချယ်ခြင်းတို့အပြင် ထည့်သွင်းမယ့်မှန်ဘီလူးပါဝါကို တိုင်းတာခြင်းကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

မှန်ဘီလူးပါဝါတိုင်းထွာခြင်းအဖြေမမှန်ပါက ထည့်သွင်းမည့်မှန်ဘီလူးပါဝါမှားယွင်းသွားမှာဖြစ်တာကြောင့် ခွဲစိတ်ပြီးတဲ့အခါ အမြင်မကြည်ခြင်း၊ ပါဝါကျန်ခြင်း၊ အဝေးမျက်မှန်တပ်ရန်လိုအပ်ခြင်း စသည့် နောက်ဆက်တွဲများ ဖြစ်စေနိုင်ပါတယ်။
𝐈𝐎𝐋 𝐌𝐚𝐬𝐭𝐞𝐫 𝟕𝟎𝟎 သည် မျက်လုံးအတွင်းသားကို ထိတွေ့မှုမရှိဘဲ စစ်ဆေးနိုင်တာကြောင့် လူနာအနေနဲ့ နာကျင်မှုလဲ မရှိသည့်အပြင် တဦးနှင့်တဦးရောဂါပိုးကူးနိုင်ခြေ လုံးဝမရှိပါ။ ရိုက်ကူးကြာချိန် 45 seconds အတွင်းမှာ ပုံပေါင်း၂,၀၀၀ ကျော်ကို ရိုက်ကူးနိုင်တာကြောင့် လူနာအတွက် သက်တောင့်သက်သာရှိခြင်း၊ အဖြေတိကျမှန်ကန်ခြင်း စသည့် အားသာချက်များ ရှိပါတယ်။

𝐌𝐮𝐥𝐭𝐢𝐟𝐨𝐜𝐚𝐥 𝐈𝐎𝐋 နှင့် 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 မှန်ဘီလူးများကို ရွေးချယ်အသုံးပြုသူများအတွက်လည်း သာမန်ရိုးကျ မှန်ဘီလူးပါဝါတိုင်းစက်များနှင့်မတူဘဲ Swept Source OCT နည်းပညာဖြင့် မျက်ကြည်လွှာ၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းများ (Total Keratometry) ကိုပါ ထည့်သွင်းတိုင်းတာတွက်ချက်နိုင်ခြင်းကြောင့် ပါဝါပိုမိုတိကျခြင်း၊ ဆလင်ဒါပါဝါများကို တိကျစွာတွက်ချက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကိုလဲ ရရှိနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက်ပိုင်းမှာ ကြည်လင်ပြတ်သားတဲ့ အကောင်းဆုံးအမြင်အားကို ရရှိနိုင်စေဖို့အတွက် 𝐈𝐒𝐄𝐂 𝐌𝐲𝐚𝐧𝐦𝐚𝐫 နိုင်ငံတကာမျက်စိဆေးရုံကြီးမှာ ဂျာမဏီနိုင်ငံထုတ် 𝐙𝐞𝐢𝐬𝐬 𝐈𝐎𝐋 𝐌𝐚𝐭𝐞𝐫 𝟕𝟎𝟎 စက်ကြီးဖြင့် အတွင်းတိမ်ခွဲစိတ်ရန် လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

📞 သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ၁၀၀% အာမခံချက်ပေးတဲ့ ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက~
🏥ISEC နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 isecmyanmar@gmail.com

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821