Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီးနှင့် ဆွေးနွေး တိုင်ပင် ကုသနိုင်မည့်အခွင့်အရေး - ISEC Eye Centre Myanmar
ISEC Eye Centre
Blog Post

အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီးနှင့် ဆွေးနွေး တိုင်ပင် ကုသနိုင်မည့်အခွင့်အရေး

Published on 14th January, 2021

အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် 6.8.19 မှ 10.8.19 ထိဆွေးနွေး တိုင်ပင် ကုသနိုင်မည့် အခွင့်အရေးကို အမြန်ဆုံး ရယူလိုက်ပါ။
☘️ ဆရာဝန်ကြီးဒေါက်တာ အောင်မော်တင်ဦး နှင့် ဆွေးနွေးကုသမှု ခံယူ လိုပါက ISEC INTERNATIONAL SPECIALIST EYE CENTRE တွင်ကြိုတင် စာရင်း ပေးသွင်းနိုင်ပါပြီ
☘️ မနက် ၉ နာရီမှ ညနေ ၇နာရီအတွင်း ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်းစာရင်းပေး သွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ☘️ ဆွေးနွေး ကုသမှုခံယူနိုင်သော မျက်စိရောဂါဆိုင်ရာဝန်ဆောင်မှုများမှာ
(၁) မျက်စိရောဂါ အထွေထွေကုသခြင်း
(၂) အတွင်းတိမ်ခွဲစိတ်ခြင်းနှင့် မှန် ဘီလူးအမျိုးမျိုးထည့်ခြင်း
(၃) ဆီးချိုနှင့် အသက်အရွယ်ကြောင့် ဖြစ်သော မြင်လွှာဆိုင်ရာ မျက်စိရောဂါများ လေဆာပစ်ခြင်းနှင့် ဆေးထိုးခြင်း
(၄) မျက်စိအတွင်းပိုင်း ရောင်ရောဂါများကုသခြင်း
(၅) မျက်ခွံညစ်ပိတ်ခြင်းနှင့် မျက်နှာတခြမ်းမညီခြင်းဆိုင်ရာ ရောဂါများ အတွက် Botox ထိုးပေးခြင်း

ဒေါက်တာ အောင်မော်တင်ဦးသည် မြန်မာနိုင်ငံတွင် M.B.,B.S ရရှိခဲ့ပြီး နောက် အင်္ဂလန်နိုင်ငံတွင် မျက်စိရောဂါ အထူးကုသမှုဆိုင်ရာ ဘာသာရပ်ကို ၁၉၉၃ မှစတင်၍ လေ့လာခဲ့ပါသည်။ အင်္ဂလန်နိုင်ငံတွင် ထင်ရှားသော Liverpool နှင့်အင်္ဂလန် အနောက်မြောက်ပိုင်းတွင် မျက်စိရောဂါအထူးကုသမှုဆိုင်ရာများ ကို လေ့လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်အင်္ဂလန်နိုင်ငံ၏ မျက်စိအထူးကအတိုင်ပင်ခံ သမားတော်အနေဖြင့် အသိအမှတ်ပြုခံခဲ့ရပါသည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ မျက်စိအထူးကုသမားတော်ကြီး အဖြစ် United Kingdom ၏ General Medical Council မှအသိအမှတ်ပြုလက်မှတ်ကိုလည်းရရှိခဲ့ပါ သည်။ Dr အောင်မော်သည် မျက်စိရောဂါ အထွေထွေ ကုသခြင်း၊ ဆီးချိုသွေးချိုရောဂါနှင့် အသက်အရွယ်ကြောင့် ဖြစ်သော မြင်လွှာဆိုင်ရာရောဂါများကို အထူးကုသပေးခြင်း၊ လေဆာဖြင့် မြင်လွှာကုသခြင်းနှင့် phacoemulsification ဖြင့် အတွင်းတိမ်အမျိုးမျိုးကိုခွဲစိတ်ပြီး မျက်စိအတွင်းသို့ အဆင့်မြင့်မှန်ဘီလူး (monofocal, toric, multifocal lens)ထည့်ခြင်းများကိုလည်း ၁၉၉၇ ခုနှစ်မှ စတင်ကာ အင်္ဂလန်နိုင်ငံတွင် ပြုလုပ်ခဲ့သောကြောင့် အတွင်းတိမ်ခွဲစိတ်ရာတွင်လည်း အတွေ့အကြုံရှိ အထူးကျွမ်းကျင် သော ဆရာဝန်ကြီးတစ်ဦးဖြစ်ပါသည်။ ထို့ပြင် BOTOX ထိုးပေးရန်လိုအပ်သော မျက်ခွံဆိုင်ရာနှင့် မျက်နှာမညီခြင်းများကို ကုသရာတွင် လည်း အတွေ့အကြံုရှိသော ဆရာဝန်ကြီးတစ်ဦး လည်းဖြစ်ပါပြီး မျက်စိ ကုသရာတွင် အထူးကျွမ်းကျင်များ ကြောင့် အင်္ဂလန် နိုင်ငံတွင် မျက်စိအထူးကုအတိုင်ပင်ခံဆရာဝန်ကြီး တစ်ဦးအနေဖြင့် ထင်ရှား ပါသည်။

အသေးစိတ် သိရှိလိုပါက
Contact Us: A5, MinYeKyawSwar Street, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar. 11131
Tel: +95 1 386 800, +95 9 448282821-2
Email: isecmyanmar@gmail.com
Website: www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821