Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the all-in-one-wp-security-and-firewall domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6114

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the wordpress-seo domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6114
ISEC Eye Centre Myanmar |မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်းအတွက် နှစ်သစ်ကူးအတာသင်္ကြန်ပရိုမိုးရှင်း 𝟏𝟎% 𝐎𝐅𝐅 - ISEC Eye Centre Myanmar
မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်းအတွက် နှစ်သစ်ကူးအတာသင်္ကြန်ပရိုမိုးရှင်း 𝟏𝟎% 𝐎𝐅𝐅
Events & Promotions

မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်းအတွက် နှစ်သစ်ကူးအတာသင်္ကြန်ပရိုမိုးရှင်း 𝟏𝟎% 𝐎𝐅𝐅

Published on 2nd April, 2024

💦မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်းအတွက် နှစ်သစ်ကူးအတာသင်္ကြန်ပရိုမိုးရှင်း 𝟏𝟎% 𝐎𝐅𝐅💦
🔹အတွင်းတိမ်ဆိုသည်မှာ သဘာ၀ကပေးတဲ့ မှန်ဘီးလူးအကြည်လေးဟာ
အညစ်အကြေးများစုပုံပြီး အရောင်နောက်သွားကာ မာကျောလာခြင်းဖြစ်ပါသည်။
🔹အသက်ငယ်စဉ်အခါက လေဆာဖြင့်ပါဝါလျော့ထားသူများတွင်လဲ အသက်အရွယ်အရ တစ်ချိန်ချိန်တွင် အတွင်းတိမ်ဖြစ်လာပါလိမ့်မည်။
🔹ထိုသို့ဖြစ်လာပါက အတွင်းတိမ်၏လက္ခဏာများဖြစ်သော အမြင်ဝါးခြင်း၊ အရောင်များပြောင်းလာခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရခက်ခဲခြင်း အစရှိသည့် လက္ခဏာများကို ခံစားရပါသည်။
အတွင်းတိမ်ခွဲစိတ်ခြင်းကို အချိန်မှီမပြုလုပ်ပါက~
🔹 အတွင်းတိမ်ပိုမိုရင့်မာလာခြင်း နှင့် နောက်ဆက်တွဲ ရေတိမ်ရောဂါဖြစ်လာခြင်း
🔹 မျက်စိအာရုံကြော/အမြင်လွှာများရောဂါ စစ်ဆေးရန်ခက်ခဲလာခြင်း
🔹 နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရ ခက်ခဲလာခြင်း
🔹 လူအများနှင့်တွေ့ရန် ရှောင်ကွင်းလာခြင်းကြောင့် လူမှုရေးအဆင်မပြေဖြစ်လာခြင်း
အမြင်အားမကောင်းသဖြင့် အခြားသူများအပေါ်မှီခိုရခြင်း တွေ ဖြစ်လာနိုင်ပါတယ်။
အတွင်းတိမ်ကို အချိန်မှီခွဲစိတ်ပါက~
👉 ပုံမှန်အမြင်အားကို အမြန်ဆုံး ပြန်လည်ရရှိခြင်း
👉 မှန်ဘီလူးပါဝါကို မှန်ကန်တိကျစွာတိုင်းတာနိုင်ခြင်းကြောင့် ခွဲစိတ်ပြီးနောက် ကြည်လင်ပြတ်သားသော မြင်ကွင်းကို ရရှိခြင်း
👉 ခွဲစိတ်ချိန် ပိုမိုမြန်ဆန်ခြင်း
👉 ခွဲစိတ်ချိန်ကြာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ မျက်ကြည်လွှာရောင်ယမ်းခြင်း၊ အမြင်လွှာရောင်ယမ်းခြင်းများ မရှိသလောက်နည်းပါးခြင်း
👉 အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်လာတဲ့ ဦးနှောက်ကျုံ့ရောဂါ Alzheimer’s disease ဖြစ်နိုင်ချေ လျော့နည်းခြင်း စတဲ့အချက်တွေရှိတာမို့ နေ့စဉ်ဘဝလှုပ်ရှားမှုမှာ ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးမှာ ခေတ်မီနည်းပညာ 𝐏𝐡𝐚𝐜𝐨𝐞𝐦𝐮𝐥𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧
နည်းဖြင့် အတွင်းတိမ်ခွဲစိတ်မှုပြုလုပ်နိုင်တဲ့အတွက် ခွဲစိတ်ချိန်မြန်ဆန်ခြင်း၊ နာကျင်မှုလုံးဝမရှိခြင်း၊ ဓားခွဲရာမရှိခြင်း၊ ချုပ်ရိုးမပါခြင်း၊ ခွဲစိတ်ပြီးနောက် အမြင်အားပိုမိုကောင်းမွန်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ မရှိသလောက်နည်းပါးခြင်း စတဲ့ အားသာချက်တွေလည်းရှိတာမို့ Promotion ကာလအမှီ အမြန်ဆုံး လာရောက်ကုသလိုက်ပါနော်။
အသေးစိတ်သိရှိလိုပါက~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 isecmyanmar@gmail.com

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821