Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6121
ISEC Eye Centre Myanmar |What is Eye Floater? - ISEC Eye Centre Myanmar
What is Eye Floater?
Blog Post

What is Eye Floater?

Published on 15th August, 2024

Eye Floaters ဆိုတာ စိတ်ပူရတဲ့ မျက်စိရောဂါလား…?

လူကြီးတွေသာမက လူလတ်ပိုင်းတွေမှာပါ အဖြစ်များလာတဲ့ Eye Floaters ဆိုတာ မျက်လုံးရှေ့မှာ အမဲစက်တွေ ယင်ကောင်လေးတွေ ပျံနေတယ်လို့ မြင်ယောင်နေတာမျိုး ဖြစ်ပါတယ်။

✨ မျက်လုံးမှာ တင်းရင်းနေဖို့အတွက် Aqueous ဆိုတဲ့ ရေထုထည်နဲ့ သဘာဝမှန်ဘီလူး lens နဲ့ မျက်စိအာရုံလွှာကြားမှာ Vitreousဆိုတဲ့ Jellyလွှာတစ်ခု ရှိပါတယ်။ အဲ့ဒီ Jelly က ပျစ်ပျစ်ခဲခဲ ရှိနေပြီး ပျစ်ခဲနေအောင် Collagen Fibrils တွေကို တစ်ခုနဲ့တစ်ခု hyaluronic acid နဲ့ ကပ်ထားရပါတယ်။ hyaluronic acid လျော့နည်းသွားတဲ့ခါမှာ Collagen Fibrils တွေ ကွဲထွက်လာပြီး မျက်လုံးရှေ့မှာ floater အနေနဲ့ မြင်ရတာ ဖြစ်ပါတယ်။
သဘာဝကြောင့်ဖြစ်တဲ့ floater နဲ့ ရောဂါကြောင့်ဖြစ်တဲ့ floater ဆိုပြီးရှိပေမယ့် သဘာဝကြောင့်ဖြစ်တာက ပိုများပါတယ်။

👉 သဘာဝကြောင့်ဖြစ်တဲ့ floater ကတော့ အသက်ကြီးလို့ hyaluronic acid က လျော့နည်းသွားတာဖြစ်ပြီး Minus power တပ်တဲ့သူတွေမှာလည်း အသက်ငယ်ငယ်နဲ့ hyaluronic acid က လျော့နိုင်ပါတယ်။
သဘာဝကြောင့်ဖြစ်လာတာမို့ အန္တရာယ်မပေးသလို hyaluronic acid ကို မျက်လုံးထဲမှာ replace မလုပ်နိုင်သေးတာမို့ ကုသလို့လည်း မရနိုင်ပါဘူး။

👉 ရောဂါကြောင့်ဖြစ်တဲ့သူကတော့ ရောဂါကြောင့် မျက်စိအမြင်ဝါးခြင်း၊ အမြင်ကွယ်ခြင်း စသည်အထိ ဆိုးရွားတဲ့အခြေအနေထိဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အမှုန်မြင်ရခြင်းအပြင် အမြင်ရုတ်တရက်ဝါးသွားခြင်း၊ လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများမြင်ရခြင်း၊ မြင်ကွင်းထဲတွင် ကန့်လန့်ကာချထားသကဲ့သို အမဲရိပ်မြင်ရခြင်း စသည့်လက္ခဏာများပါ ယှဉ်တွဲရှိနေနိုင်ပါသည်။

👉 ဒါကြောင့် floaters အမှုန်မြင်တိုင်း စိတ်ပူရမယ့်မျက်စိရောဂါမဟုတ်ပေမယ့် ရောဂါကြောင့်မြင်ရတဲ့အမှုန်မဖြစ်စေဖို့ မျက်စိဆရာဝန်များနဲ့ မျက်စိသူငယ်အိမ်ချဲ့ပြီး သေချာစွာစစ်ဆေးသင့်ပါတယ်။
ဒါကြောင့် floaters အမှုန်များ ကိုမြင်ကွင်းအတွင်းမြင်ပါက ရောဂါဟုတ်မဟုတ် သိရှိနိုင်ရန် နဲ့ မျက်စိအထူးကုဆရာဝန်နှင့် တစ်ကြိမ်အနည်းဆုံး သေချာစွာစစ်ဆေးသင့်ပါတယ်။
သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️

အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 isecmyanmar@gmail.com
🌐 www.isecmya#EyeFloaters

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821