ဆောင်းရာသီနဲ့မျက်စိကျန်းမာရေး အစားအစာ
Blog Post

ဆောင်းရာသီနဲ့မျက်စိကျန်းမာရေး အစားအစာ

Published on 19th December, 2023

ဆောင်းရာသီမှာ မျက်လုံး ခြောက်သွေ့တာကို ကင်းဝေးပြီး ကျန်းမာစေဖို့အတွက် တစ်နေ့တာလုံး ရေဓာတ်ရရှိနေဖို့ အရေးကြီးပါတယ်။ အဲ့ဒါကြောင့် အမြင်အာရုံအတွက် အခုလိုအချိန်ခါမှာ စားသင့်တဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်နော်။

🍈ဆီးဖြူသီး
ဆီးဖြူသီးက ဆက်စပ်တစ်ရှူးတွေနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး အမြင်လွှာဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးပါတယ်။ နောက်ပြီး ဆီးဖြူသီးမှာ ဗီတာမင် C ပါ၀င်တာမို့ ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်ပါတယ်။

🍊လိမ္မော်သီး
လိမ္မော်သီးက ဗီတာမင် C ရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး မျက်လုံးအတွင်း oxidative stress ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ရေဓာတ်ပါဝင်မှု မြင့်မားတာမို့ မျက်လုံးကို ရေဓာတ်ဖြည့်ပေးပြီး မျက်လုံးခြောက်ခြင်းအန္တရာယ်ကို လျှော့ချပေးပါတယ်။

🍐မာလကာသီး
လူကြိုက်များသော အသီးတစ်မျိုးဖြစ်တဲ့ မာလကာသီးမှာ အာဟာရဓါတ် ကြွယ်ဝတာမို့ မျက်စိအမြင်အာရုံကို အားကောင်းစေပါတယ်။ အသက်အရွယ်နဲ့ ဆက်နွယ်တဲ့ မျက်လုံးယိုယွင်းမှုကိုလည်း နှေးကွေးစေပါတယ်။

🍠ကန်စွန်းဥ
ကန်စွန်းဥမှာ ဗီတာမင် A နဲ့ Beta-carotene တွေ ကြွယ်ဝစွာ ပါ၀င်တာမို့ မျက်လုံးကျန်းမာရေးအတွက် အရေးပါပါတယ်။ Beta-carotene က မျက်စိအမြင်အာရုံကို ကောင်းမွန်အောင် ကူညီပေးပြီး ဗီတာမင် A က မျက်လုံးခြောက်ခြင်းပြဿနာများကို လျော့ပါးစေပါတယ်။

🥬ဟင်းနုနွယ်
နောက်ထပ် ဆောင်းရာသီမှာ စားသင့်တဲ့ အသီးအရွက်ကတော့ ဟင်းနုနွယ်ရွက်ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ လုံလောက်တဲ့ ဖောလစ်အက်ဆစ်ပါဝင်ပြီး အမြင်အာရုံကြောများ ယိုယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ ပညာရှင်တွေကလည်း မျက်စိကျန်းမာစေရန်အတွက် ဟင်းနုနွယ်ရွက်ကို ပုံမှန်စားသုံးဖို့ အကြံပေးထားပါတယ်။
မျက်စိကျန်းမာရေးနဲ့ပတ်သတ်ပြီး ဗဟုသုတအထွေထွေကို သိချင်တယ်ဆိုရင်တော့ ISEC Myanmar ရဲ့ ဆောင်းပါးတွေကို ဖတ်ဖို့မမေ့နဲ့နော်။

🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821