The 1st International Eye Hospital in Myanmar Grand Launching Ceremony

၆ ဒီဇင်ဘာ ၂၀၁၉ ရက်နေ့ တွင် နိုင်ငံတကာ ISEC မျက်စိဆေးရုံကြီးဖွင့်လှစ်

_______________________

ISEC ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel တွင် ကျင်းပခဲ့ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံမျက်စိဆရာဝန်များအသင်း၊မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး၊ အမေရိကန် ကုန်သည်ကြီးများအသင်း ဥရောပ ဆိုင်ရာ ကုန်သည် ကြီးများအသင်းများမှတက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကတော့ ကမ္ဘာ့အဆင့်မီ မျက်စိကျန်းမာရေးဝန်ဆောင်မှုတွေကို အဆင်ပြေပြေနဲ့ သင်တင့်မျှတစွာ ပံံ့ပိုးပေးနိုင်ဖို့ပါ။ အခုဆိုရင် မျက်စိရောဂါ၊ အမြင်အာရုံချို့တဲ့ နေသူတွေအနေနဲ့ ပြည်ပကိုသွားစရာလည်းမလိုတော့သလို ကုသမှုရရှိဖို့ကိုလည်း ပိုက်ဆံအများကြီးကုန်စရာမလိုတော့ပါဘူး။ ရန်ကုန်မှာအခုလာဖွင့်ထားတဲ့ ကျွန်တော်တို့ရဲ့ဆေးရုံက သန်းပေါင်းများစွာသော မြန်မာပြည်သူတွေရဲ့ အမြင်အာရုံကိုကာကွယ် မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ISEC ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ Wong Jun Shyan က ပြောသည်။

ISEC သည် စင်္ကာပူနိုင်ငံအခြေစိုက် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစုတစ်ခုဖြစ်ပြီး စင်္ကာပူနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ ပီနန်၊ မလက္ကာတို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

 

Image may contain: 1 person, standing

 

Image may contain: 3 people, people standing

Image may contain: 7 people, people standing

၆ ဒီဇင်ဘာ ၂၀၁၉ ရက်နေ့ တွင် နိုင်ငံတကာ ISEC မျက်စိဆေးရုံကြီးဖွင့်လှစ်ခဲ့သည့်ဗီဒီယို မှတ်တမ်းISEC (International Specialist Eye Centre) Myanmar Grand Launching Ceremony Video…..

Posted by ISEC Eye Centre Myanmar on Friday, December 6, 2019